UNICODE
"ကျွန်တော် လာဖြစ်အောင်
လာပြီးဂုဏ်ပြုပေးရမှာပေါ့ဗျာ စိတ်ချပါ""အရင်က လူပျောက် နဲ့ သေလောက်အောင်ညှင်းဆဲပြီးမှ Rape လုပ်တဲ့ Caseမျိုးတူတွေက ခုလပိုင်း
အတွင်းမှာထပ်တွေ့လာရတယ် မှု့ခင်းဆရာ၀န်တွေကောက်ချက်ချ တာကတော့ အရင်ကလို တော်တော် ဆိုးဆိုးဝါး၀ါးဘဲ သက်ဆိုင်ရာတွေဘက်ကလဲ ဒီလောက်ဖြစ် နေတာတောင်အမြဲ ထိထိ
ရောက်ရောက် မကိုင်တွယ်နိုင်ကြဘူး
နောက်ဆုံးတော့လည်း သက်သေမခိုင်လုံလို့ ပ လပ် လိုက်ရတာပါဘဲ
ကျွန်တော်တော့ အားမရပါဘူးဗျာ ""ဟား ဟား ဒါပေါ့ စိတ်ချ သူဌေးနမ်တို့
ကိစ္စကအကုန်အဆင်ပြေစေရမယ်"အဖေက ရုံးမသွားရတဲ့နေ့တွေမှာလဲ
အမြဲစောစောစီးစီးထကာ အလုပ်လုပ်လေ့ရှိသည်။ ယခုလည်းဧည့်ခန်းထဲမှာ သူ့ရဲ့ဂုဏ်ကြီးရှင်
အမှု့သည်များထဲကတစ်ယောက် နှင့်အလုပ်
အကြောင်းဖုန်းပြောနေပုံထောက်သည်။လိုအပ်တဲ့ပစ္စည်းတွေသယ်ကာ ဧည့်ခန်းရှေ့က
နေဖြတ်ကာထွက်လာတော့ အဖေက fileတွဲတစ်ခုကို
အမြန်ပင် ကောက်သိမ်းလိုက်သည်ကို တွေ့ဖြစ်
အောင်တွေ့လိုက်သေးသည်။ သို့သော် ဘယ်အရာမှ စိတ်မ၀င်စားခဲ့တာမို့ သူ့ဘာသူ ဘာပြောပြော
ဘာလုပ်လုပ် စိတ်ထဲထားမနေတော့ဘဲ လုပ်စရာ
ရှိတာသာ ဆက်လုပ်နေမိတော့သည်။_________
ပြူတင်းပေါက်နေ အသာခေါင်းထွက်ကာ
ပတ်၀န်းကျင်အသစ်ကိုလေ့လာမိတော့
ရာသီဥတု အလွန်ပင် သာယာတာ မငြင်းလိုပါ။
ကြည်လင်နေသော ကောင်းကင်ပြာတို့ဟာ
အင်မတန်မှ နှစ်လိုဖွယ်ကောင်းလွန်းနေတယ်။
လေပြေနုနုလေးတွေကလည်း နှာခေါင်းထိပ်ကိုလာကလူကျီစယ်လျှက်ရှိတယ်။ လမ်းမပေါ်က
နေ့စဉ်နှင့်အမျှလှုပ်ရှားသွားလာနေကြသည့်
လူတွေနှင့် တစ်နေ့တာရဲ့အစဟာ
ပုံမှန်အနေအထားနှင့်ဆို
အတော်ပင် ပြည့်စုံနေသောမြင်ကွင်းပင်။သို့သော် ဤသို့အရာရာကို လိုက်ခံစားနိုင်ဖို့
အခြေအနေကမပေးပေ။ဆူညံနေတဲ့ ပတ်၀န်းကျင်က အသံတွေ
ရှုပ်ထွေးလွန်းလှတဲ့ လူမှု့ဘဝ...
YOU ARE READING
RIDE OR DIE [ hiatus ]
FanfictionUNICODE: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။ ZAWGYI: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။