UNICODE
"ဟုတ်ကဲ့ ပတ်ဂျီမင်း ပြောနေပါတယ်"
"ဘေဘီ နေကောင်းရဲ့လား..."
ဦးနှောက်အသိဉာဏ်ထဲမှာ စွဲမြဲနေခဲ့တဲ့
တစ်ဖက်က အသံခပ်ရှရှဟာ ၀င်သက်ထွက်သက်တွေကိုပါ ဥပေက္ခာပြုနိုင်သွားစေတဲ့ထိ စွမ်းဆောင်နိုင်တယ်။ မထင်ထားတဲ့အရာမို့
အံ့ဩစွာနေနိုင်ဖို့ထပ် ပြဿနာစတွေရဲ့ တရားခံ...
ရွံမုန်းလွန်းတဲ့ သူတစ်ယောက်မို့ ခါးသီးစွာ
ဒေါသတွေဟာ မကျေမခဲဖြင့်
မဆောက်တည်နိုင်ခဲ့။လှဲလျောင်းနေရာကနေ မတ်တပ်ရပ်လျှက်အနေအထားကို ရောက်လို့ရောက်သွားလဲမသိအောင် တစ်ဖက်လူကပေးသော ခံစားချက်တွေမှာ
အပူတပြင်း နှင့် လူကိုတစ်တိတိဝါးမျိုသည်။လက်သီးဆုပ်တွေကို တင်းကြပ်ထားတယ်။
၀င်သက်ထွက်သက် ခပ်ပြင်းပြင်းတွေ
ရှိန်းခနဲ ရှိန်းခနဲ ဖြစ်သွားတဲ့ နားထင်ကသွေးကြောတွေ ရှတတတင်းတောင့်နေတဲ့ လည်ချောင်း ခြောက်ကပ်ကပ်တွေ။
ခဏကြာတဲ့ထိကို လည်ချောင်း၀မှာ
သူစကားတွေဟာစို့နင့်နေသလိုဘဲ။"ဟေး ဘေဘီ မေးတာလေးပြန်ဖြေပါဦး
ဘာလဲ ကိုယ့်ကိုဆဲဖို့အားယူနေတာ
တော့မဟုတ်ဖူးမှတ်လား...""ခွေးနဲ့တောင်နှိုင်းဖို့ မတန်တဲ့ကောင်"
"ဟက်..."
"ဘာလဲ ခြုံကွယ်ထဲနေ လက်သီးထပ်ပြဦးမလို့လား မင်းရဲ့ ရွံဖို့ကောင်းတဲ့ လူမဆန်တဲ့ လုပ်ရပ်နဲ့စောက်ပြစ်တွေကို ထပ်ဖို့ချင်နေသေးတာလား
မင်း ဘယ်အချိန်ထိ ငါတို့ကို ဒုက္ခလိုက်ပေးနေဦးမှာလဲ! "အသံတွေဟာတင်းမာလာပြီး လေထုဟာလည်း
တင်းကြပ်ညစ်ညမ်းလာသလို။ မကျေခဲသည့်စိတ်တွေသည် အစိုးမရစွာ တောင်ပြေး မြောက်ပြေးလျှက် ထိန်းချုပ်ဖို့ မလွယ် ဖမ်းရခက်ခဲ့ပါသည်။"ဂျွန်ဂျောင်ကု ဘ၀မပျက်ခင်အထိ..."
"လဲသေလိုက်ပါလား!"
"သေကြည့်လိုက်ရမလား"
သူက ခွင့်တောင်းနေသည့် အတိုင်း
ညှင်းတိုးစွာပြောသည်။ ထို့နောက်
တဖန်လည်း ခံစားချက်မရှိတဲ့ ရယ်ခိုးသံ
တွေနှင့် ရီနေခဲ့ပြန်သည်။
YOU ARE READING
RIDE OR DIE [ hiatus ]
FanfictionUNICODE: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။ ZAWGYI: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။