UNICODE
"အငယ်လေး ပြန်ရောက်ပြီလား...အတော်ဘဲ
ဟျောင်းတို့နဲ့ ညစာတစ်ခါထဲ ၀င်စားလိုက်"စကားကို ဂရုမစိုက်ဘဲ ရေခဲသေတ္တာထဲက
ရေဘူးတစ်ဘူးယူကာ ပြန်ထွက်သွားသည့်
ဂျောင်ကုသည် အရှင်းဆုံးပြောရလျှင်
သူတို့ကိုရှိသည်တောင်မထင်တဲ့ပုံ။ဟော...ဒီကောင်လေးဘာဖြစ်နေပြန်ပြီလဲ
"ဟိုကောင်လေး ဘာဖြစ်နေပြန်ပြီလဲမသိ"
"မင်ဂျူလည်းမပြောတတ်တော့ပါဘူး "
"တစ်နေ့တစ်နေ့ သူ့မျက်နှာဘဲကြည့်နေ
နေရတယ် ~ "ဤသို့ပြောဝောာ့ မင်ဂျုကရီ၍သာပြန်ကြည့်သည်။
ဘယ်အချိန် ဘယ်နေရာမဆို ဂျောင်ကုအကြောင်းပြောတိုင်း ရီမောသံတို့ပျံ့လွင့်နေသည့် ထိုအကြီး
နှစ်ယောက်မှာ သူတို့အငယ်လေးကို ဘယ်လောက်
ချစ်လဲဆိုတာ သိသာလွန်းသည်။ စိတ်ဆိုး
စိတ်ကောက် နေတောင် ချစ်စရာ တစ်ခုဟု
သတ်မှတ်ထားပုံရသည်။ အရာရာပြည့်စုံ
ထက်မြက်လွန်းလှသည့် ထိုကလေးအဖို့
စိတ်ဆတ်ပြီးထင်ရာထလုပ်တာလေးကသာ
ပြဿနာဟု သူတို့ထင်ထားခဲ့ပါသည်...။
___________________________ဘာမှကိုအထွေအထူးပြောဖို့ စိတ်မပါတာကြောင့်
ဟျောင်းတို့ကိုပင် လျှစ်လျှုရှု့ကာ အခန်းထဲသို့ဘဲ၀င်လာမိသည်။နေ့လည်ကအဖြစ်အပျက်ကြောင့် စိတ်ရှုပ်လို့
စိတ်ပြေလက်ပျောက်ခြေဦးတည့်ရာ ကားပတ်
မောင်းနေခဲ့တာ ညပင်ပြန်ရောက်လို့ရောက်
မှန်းသတိမထားမိတဲ့ထိ...တစ်နေ့ တစ်နေ့
အချိန်တွေကုန်သည်မှာလည်း မြန်လွန်းလိုက်တာ...။စိတ်တွေသည်လေလေလွင့်လွင့်ဖြင့်
ကုတင်ပေါ်သာ ပက်လှက်လှန်ချလိုက်ရင်း
လေပူတို့ကိုခပ်ပြင်းပြင်းမှုတ်ထုတ်မိလိုက်သည်။စိတ်ညစ်စရာတွေပါသွားလိုပါသွားညားပေါ့။
ဘာမှမတွေးတောဘဲ သူအသိစိတ်တွေကို
အနားပေးကာထားသည်။ ဒါပေမဲ့ ဒါဟာခဏပါဘဲ
သူ့ခေါင်းထဲလျှက်တစ်ပြက်ဝင်လာသည့် အတွေးတွေက သူ့ကိုစဉ်းစားခန်းဖွင့်စေသည်။
VOCÊ ESTÁ LENDO
RIDE OR DIE [ hiatus ]
FanficUNICODE: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။ ZAWGYI: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။