Episode : 7

1.2K 172 11
                                    

UNICODE

ဂျွန်ဂျောင်ကုရော ဂန်ဂျီဟွန်းရော ပျောက်နေ
သည်မှာ ၁ပတ်လောက်ပင်ရှိလို့နေပြီ။
ဘာသတင်းမှလဲမကြားရတာမို့
မကောင်းတာ ဘာမှမဖြစ်ပါစေနဲ့သာ ဂျီမင်
တစ်ယောက် ဆုတောင်းပေးနေမိတော့သည်။

ဂန်ဂျီဟွန်းဘာတွေကြံစည်နေပြန်ပြီလဲ....။

ဘ၀က တကယ်ခုမှ လွတ်လွတ်လပ်လပ် ရှိလှ
သည်မှာ အမှန် ဂျောင်ကုကိုကျေးဇူးတင်ပေမဲ့
ထိုကောင်လေး ထိခိုက်နစ်နာမှာ မလိုလား။
စိမ်းကားစွာ ဆက်ဆံခဲ့လေတဲ့ သူ့ကို တကယ်ဘဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့လေပြီလား။
မတွေ့ရတော့လည်း လွမ်းပါသည်။

ကိုယ်တိုင်ကတော့ မပြတ်သားနိုင်ပေမဲ့
ကောင်လေးကတော့ ပြတ်သားနိုင်ပါစေ~

နှစ်ဦးနှစ်ဖက် ခဏတာ နာကျဉ်ရတာ ကျန်ရှိတဲ့ လက်ကျန်အချိန်တွေ အတွက် ပေးဆပ်ရကျိုးနပ်မှာပါ ~

"ဂျီမင် ကို့ ကို ပြန်ချစ်ရမယ် ! ကို ကြိုးစားမှာ"

နားထဲ အထပ်ထပ် ပြန်ကြားယောင်မိတယ်။
ကြားယောင်မိတိုင်းလဲ ဂျီမင်တစ်ယောက် ပကတိ
နာကျင်ရတယ်။ ထိခိုက်ကွဲရှတဲ့ ခံစားချက်တွေဟာ သူ့ကိုဘယ်နွေးထွေးစေပါ့မလဲ။

"မင်းခံစားချက်တွေကတစ်ခဏတာမှာ
ရပ်တန့်သွားမှာပါ ဂျောင်ကုရယ်
ခေါင်းမမာစမ်းပါနဲ့"

Diaryစာအုပ်ကြားထဲက ဓာတ်ပုံလေးတစ်ပုံကို
ကြည့်ရင်း ဂျီမင် တစ်ယောက် ရေရွတ်မိသည်။

"ပတ်ဂျီမင်!!"

ဘယ်တော့မှ မနွေးထွေးခဲ့တဲ့ အဖေ့အသံက
နဂိုလိုဘဲ ဒေါသအပြည့်နှင့်။ အသားကျနေခဲ့ပေမဲ့
ခံစားချက်တွေကတော့ ထုံမနေသေးဘူး။

"ပတ်ဂျီမင် မင်းအောက်ဆင်းလာခဲ့စမ်း"

၀ဋ်တွေကလည်းကြီးလိုက်တာ ...

အမြန်သာပင် ဓာတ်ပုံလေးကို စားပွဲထည့်ကာ
အောက်ထပ်ကိုပြေးဆင်းခဲ့လေတော့
တစ်စုံတစ်ခုကို အလောတကြီး
အတည်ပြုချင်နေပုံထောက်တဲ့ အဖေ။

ပင်ပန်းလိုက်တာ အဖေ့ပုံကိုကြည့်ပြီး...

"မင်း ဂျီဟွန်းလေးနဲ့ ဖြတ်လိုက်ပြီဆို"

RIDE OR DIE [ hiatus ]Where stories live. Discover now