Episode : 17

861 101 12
                                        

UNICODE

ပစ်လဲကျသွားသည့် ဂန်ဂျီဟွန်းခမျှာ
ကြမ်းပြင်ပေါ်မှာ ပုံလျှက်သားနှင့်‌မေ့မေ့မျောမျော။
ဖြစ်ပျက်သွားတဲ့အရာတွေဖို့ ပြောစရာစကားများပျောက်နေခဲ့သည့်တိုင် မှင်သက်သွားတဲ့တစ်ခဏ မျက်စိရှေ့က လူတစ်ယောက်ဟာ
ချွဲဒုံဂျွန်းဖြစ်လို့နေခဲ့သည်။

သူကစကားတစ်ခွန်းမှမဟဘဲ
လက်ထဲကတုတ်ကိုအမြန်ပင်ပစ်ချကာ
ခြေတွေလက်တွေပေါ်က ကြိုးအထပ်ထပ်တွေကို
ဖြတ်တောက်စေတယ်။ အတော်တန်ကြာအောင်
ချုပ်ခံထားခဲ့ရသည်မို့ နာကျင်ကိုက်ခဲနေရတဲ့ လက်တွေ ခြေထောက်တွေနဲ့ ခန္ဓာကိုယ်ဟာ
ယိုင်နဲ့နဲ့။ ကမ်းပေးကူညီလာတဲ့ ဒုံဂျွန်းရဲ့
လက်တွေကိုတော့ လက်မခံခဲ့ဖြစ်ပါ...။

"တောင်းပန်ပါတယ်"

ဂျီမင်‌ကျောပေးကာ သူပြောလာသည့်အကြောင်းအရာတွေဖို့ တုံ့ပြန်ချင်းအလျှင်းမရှိခဲ့။
ခုချိန် သူ့မှာခံစားနိုင်စွမ်းနှင့်ပတ်သတ်လို့
အရာရာဟာ သုညဖြစ်လို့နေခဲ့တာကို~

"မင်းအရမ်းတုန်လှုပ်သွားခဲ့မှာဘဲ
ငါ့လိုသစ္စာဖောက်တစ်ယောက်အတွက်....
ငါအရမ်းမှားခဲ့မှန်းသိပါတယ်..."

"ဒုံဂျွန်း..."

"........"

" မင်းဘာလို့ငါ့ကို ပြန်လာကယ်ပေးလဲ
စိတ်မဝင်စားတာမို့ အကြောင်းပြချက်တွေ
မပေးလည်းဖြစ်တယ်"

ဂျီမင်အသံတွေက အေးစက်စက်နှင့် တိုးညှင်းစွာ။
အကြည့်ချင်းဆုံဖို့ထိ အပြစ်တွေဟာမကြေမခမ်းဝာာမို့ ဒုံဂျွန်းကတော့ခေါင်းကိုအောက်စိုက်ကာ မျက်လွှာကိုချထားမိ‌နေဆဲ။ အခန်းတွင်း လေထုကြီးကလည်း စိမ်းသက်လွန်းတဲ့ ဖိအားတစ်ခုကို
ဖော်ဆောင်နေတာမို့ ရင်ထဲလည်း ပြည့်ကျပ်လို့။

"အခုအခြေအနေတွေအကုန်သိထားပြီးသားဖြစ်မှာပါ။ အဲ့တာ သက်သေရှာဖို့ တတ်နိုင်တာက
မင်းဘဲရှိတယ် ဂျီမင်... ရှေ့နေပတ်ဆီမှာ သက်သေအချက်အလက် File တွဲတွေရှိတယ်...သူကိုင်ရတဲ့ အမှု့တွဲတွေနဲ့ လစဉ် သူ့အမြတ်ငွေတွေအတွက် Kang Group ဘက်က ပြေစာတွေ...."

အလင်းပွင့်သွားတဲ့တစ်ခဏ သတိရလိုက်မိသည်ကား မတော်တဆမြင်ဖူးခဲ့သော သူ့ရှေ့မှာ
အလျှင်အမြန် ဖွက်လိုက်ဖူးသည့်
အဖေ့ရဲ့ fileတွဲတွေ။

RIDE OR DIE [ hiatus ]Onde histórias criam vida. Descubra agora