Episode : 1

3.4K 289 34
                                    

" မင်းတို့ရောက်နေပြီလား ? "

လေသံခပ်‌အေးအေး နဲ့ အမေးတစ်ခုရဲ့အဆုံးမှာ အလိုမကျမှု့တစ်ချို့တစ်၀က်က မသိမသာ
နှစ်မြုပ်လို့နေသည်။

ဒီအသံကြောင့်ထယ်ယောင်းအခြေအနေကို
ရိပ်စားမိလိုက်ပြီ

" ငါကတော့ရောက်ခါနီးပြီ ဒုံဂျွန်း ကတော့
ထွက်လာပြီပြောတယ် ဘာလဲ လေသံက
မင်းအကို ငါ့အနာဂတ်‌ကောင်လေးက
တရားချထားပြန်ပြီလား ? "

ဒီကောင် မကြိုက်မှန်းသိလို့ကိုတမင်
စလိုက်တဲ့ ထယ်ယောင်းမျက်နှာပေါ်တွင် သဘောကျမှု့များဟာအထင်းသားဖြစ်ကြောင်း ကွေးညွတ်သွားတဲ့နှုတ်ခမ်းများဟာ သက်သေတစ်ခုဟုဆိုရနိုင်ဖွယ်။

တစ်ဖက်မှာလဲ စိတ်ကလည်းဆတ်ပါသည် ။
ထယ်ယောင်းဆီက အမြဲမကြားချင်ရလဲ
အကျွမ်းတ၀င်ကြားနေရတဲ့ နာမ်စားကြောင့်
မျက်နှာကိုကျန်လက်တစ်ဖက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ပြီးမလိုအပ်ဘဲ စကားများတာမဖြစ်ချင်တာကြောင့် ချက်ချင်းဘဲဖုန်းချမိလိုက်တော့သည်။

ချက်ချင်းကြီးပြတ်တောက်သွားတဲ့
အ၀င်ကောတစ်ခုကို စေ့စေ့ကြည့်ရင်း
ထွက်ပေါ်လာတဲ့ ခပ်ဩဩရီသံ တစ်ခု...

အဲ့ကောင်က တုန်နေအောင်
အချစ်ခံရတာလဲမပြောနဲ့ သူ့အကို နဲ့ အမကိုလည်း စပ်စပ်ထိမခံ စလို့တောင်မရအောင်
ချစ်တဲ့ကောင်။ဩချရလောက်တယ်မဟုတ်လား...?

ဖုန်းချလိုက်‌မှ ခေါင်းထဲပြန်ရောက်လာတဲ့
အတွေးစုံချည်ဆန်ချည် .....

အမေရော အဖေရော မရှိတော့တဲ့ ဒီ၆နှစ်အတွင်းမှာ
ဟျောင်း ရော နူနား ရောက လုပ်ငန်းတစ်ဖက်နဲ့
သူ့ကိုလိုလေးသေးမရှိအောင် ပိုဂရုစိုက်တယ်
ပိုအလိုလိုက်ခဲ့တယ် ပြီးဒီဝါသနာကိုရွေးခဲ့တယ်
သူတို့မတားခဲ့ကြပါဘူး ပျော်နေရင်ရပြီတဲ့

ဒါပေမဲ့ ကိစ္စတစ်ချို့ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ
ဒီဝါသနာကိုစွန့်လွှတ်ပြီး ကုမ္ပဏီရဲ့ နောက်ဆက်ခံသူဖြစ်ဖို့အတွက် အခုထဲက လုပ်ငန်းအကြောင်းကိုလေ့လာစေချင်တဲ့ ဟျောင်း နဲ့ နူးနား ကြောင့်
ခက်တော့တာပါဘဲ

RIDE OR DIE [ hiatus ]Tempat cerita menjadi hidup. Temukan sekarang