Episode : 13

924 113 0
                                    

UNICODE

နွေးငွေ့ငွေ့ရှိတဲ့အခန်းတွင်းကလေထုက
စိတ်ကိုသက်သောင့်သက်သာဖြစ်စေတယ်။
သူနဲ့အတူရှိနေရတယ်ဆိုတဲ့ခံစားချက်က
ပိုလို့နွေးထွေးစေတယ်။ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်ခဲ့တဲ့အတွက်စိတ်တို့
ကလည်းကြည်ကြည်လင်လင်ရယ်။

အညောင်းပြေအညာပြေလက်‌တွေကို
လေထဲမှာဆန့်တန်းကာ အကြောဆန့်ရင်း
ဘေးကနေရာကွက်လပ်ကိုအကြည့်ပို့မိတော့
ဂျောင်ကုကရှိမနေခဲ့။

ဒါပေမဲ့ မီးဖိုးချောင်ဘက်က‌နေယိုစိမ့်
ထွက်ကျလာတဲ့ ရနံ့တွေနဲ့အတူ မတော်တဆ
ထိခတ်မိကာထွက်လာတဲ့ ဇွန်းသံ
ခွက်သံတွေကြောင့် သိချင်စိတ်ကထိန်းမရ
တာမို့ အပြေးလေးထကာ သွားကြည့်မိတော့ အပေါ် ပိုင်းဗလာ နှင့် ဟင်းချက်နေသော ချစ်ရတဲ့မောင်။
ဘောင်းဘီရှည်ကိုလည်း ခါးစပ်ခပ်လျှောလျှောမှာချ၍၀တ်ထားသည်။ နောက်ပြီး တစ်ချက်တစ်ချက်
သီချင်းလေးကိုလည်း တိုးဖျော့ဖျော့
ညည်းလိုက်သေးတယ်။
ရင်တွေခုန် နှလုံးတွေတုန် ရပြန်ပါပြီ။

တံခါးဘောင်လေးကနေဘဲ ချစ်ရသူကိုအနောက်က‌
နေချောင်းကြည့်နေမိသည်။ ပြည့်စုံလွန်းလှတဲ့
မောင့်ကိုပိုင်ဆိုင်ရလို့ ကြည်နူးခြင်းရယ်က
ရင်ထဲကုဋေကုဋာ...

ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး
လူသားတစ်ယောက် ဖြစ်ရချင်းပါလား ဟူ၍
တွေးမိသည်မှာ ပထမဦးဆုံး ဒီအချိန်သာ။

ခြေသံလေးကိုအတတ်နိုင်ဆုံးဖွလျှောက်သည်။ နောက်ပြီး အသင့်စောင့်ကြိုနေတဲ့ သူ့ရဲ့ခါးလေးကိုလက်နှစ်ဖက်နှင့်ယှက်သိုင်းကာ ကျယ်ပြန့်ပြန့်
နောက်ကျောပြင်ကျယ်ကို ကိုယ့်ပါးလေးနှင့်
ထိကပ်ထားစေလိုက်တော့ သူ မျက်နှာလေး
ပြုံးသွားမယ်ဆိုတာကျိန်းသေ။

"မောင့်ကို ချောင်းကြည့်နေတာ ပျော်ရဲ့လား"

ရယ်သံစွက်ကာမေးလာတဲ့ကောင်လေး နှင့်
သူခိုးလူမိလို့ အို့တို့အန်းတန်းဖြစ်သွားတဲ့
ကောင်လေး နှစ်ယောက်က အင်မတန်မှ
လိုက်ဖက်လွန်းလှသည်။ ချစ်ဖို့ကောင်းတာ...?
အင်း အဲ့လိုဘဲဖြစ်လိမ့်မယ်~

RIDE OR DIE [ hiatus ]Where stories live. Discover now