UNICODE
ကားပစ္စည်းပေါင်းမျိုးစုံ နှင့် ကားနှစ်စီးလောက် အသာလေးဆန့်သော ကားဂိုထောင်တစ်ခုတွင်
ဖြစ်သည်။မွစာကြဲနေသော စက်ပစ္စည်းများနှင့် သူတို့သည် အကျွမ်းတဝင် ဖြစ်နေပုံ....
"ထယ်ယောင်း ငါ့ကို အဲ့toolboxလေး
တစ်ချက်ပေးပါဦး"ထွက်ပေါ်လာသည့်အသံကား ကားဗိုက်အောက်ထဲတွင်ပြင်စရာရှိတာပြင်ရင်းအောက်ပိုင်းcheckနေတဲ့ ဒုံဂျွန်းဆီမှဖြစ်သည်။
"ဟိုဘီဟျောင်းဆီကမှာထားတဲ့ customize wheels လေးတွေရှေ့အပတ်ဆိုရောက်တော့မယ်တဲ့
ငါအဖိုးတန်လေးနဲ့ အရမ်းမိုက်နေတော့မှာဘဲ""မင်းရှေ့တစ်လကမှ တစ်စီးလုံးပြန်ဆင်ထားတာ
မဟုတ်ဖူးလား ပိုက်ဆံအရမ်းပေါနေရင် ငါ့ကားလည်း လဲစရာတွေရှိတယ် စပွန်မလား"ထယ်ယောင်းသည် ဒုံဂျွန်းစကားကို ဥပက္ခာပြုသည်။ အဖတ်အလုပ်မခံရတဲ့ဒုံဂျွန်း၏ ဆဲရေးသံတစ်စွန်းတစ်စကိုကြားတော့ သူနှုတ်ခမ်းတွေတွန့်သွားအောင်ရီလိုက်ပြီး target တစ်ခုကိုထပ်ပြောင်းတယ်...။
tank top (sleeveless) အဖြူကိုမှ workshop pant အပြာနှင့် လွတ်လွတ်လပ်လပ်တွဲဖက်ဝတ်ဆင်ထားပြီး အလင်းကောင်းကောင်းရတဲ့နေရာတစ်ခုမှာ
သေသေချာချာ သူ့ကားကိုပြင်ဆင်နေသည့်
ဂျောင်ကုဆီကိုပေါ့...။"မနေ့ကပွဲက ပျင်းစရာကြီး"
"ဘာဖြစ်လို့လဲ"
ထယ်ယောင်း၏စိတ်ပျက်လက်ပျက်အပြောကို
ဂျောင်ကုအလုပ်လုပ်နေရင်းပြန်ထောက်လိုက်သည်။"ကြေးမပါတော့ပျင်းဖို့ကောင်းတယ်လေ"
"ပြန်ရောက်ရောက်ချင်း သွေးပူလေ့ကျင့်ခန်းပေါ့ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာတွေတော့
ဖြစ်သွားတယ်လေ အဲ့တာကအမြတ်ပေါ့""မင်းကပျော်နေတာလား"
"ပျော်စရာကောင်းတဲ့ကိစ္စမဟုတ်ဖူးလား"
"ငါမျက်ခုံးတွေလှုပ်နေတယ် ငါဒီည
မလိုက်တော့ရင်ကောင်းမယ်"ရှုံ့ရှုံ့မဲ့မဲ့နှင့်ပြောပြီးထွက်သွားသည့် ထယ်ယောင်းကို
ဂျောင်ကုအသံပင်ထွက်သည်ထိရီချမိလိုက်တော့
ထယ်ယောင်းမျက်နှာသည်ပိုလို့ပင်ရှုံ့မဲ့သွားရသည်။

YOU ARE READING
RIDE OR DIE [ hiatus ]
FanfictionUNICODE: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။ ZAWGYI: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။