Episode : 14

959 110 13
                                    

UNICODE

နေ့ရက်တွေက‌တော့ သာမန်အတိုင်းသာ
ငြိမ့်ငြိမ့်ညောင်းညောင်း တိုက်စား
ကုန်ဆုံးနေခဲ့သည်။ ပတ်ဂျီမင် ဟူသော နှလုံးသား၏ပဲ့ကိုင်ရှင်လေးကတော့ ထိုသို့မဟုတ်
အလိုလိုက်လွန်းတော့ တစ်နေ့တစ်ခြားပိုလို့ပင်
ကိုယ့်အပေါ်ဆိုးလာခဲ့တာ။

ဆူပူသလိုပြောမိရင်လည်း "ကိုယ့်ကောင်လေးကို ချစ်လို့ဆိုးတာဘဲ ဘာဖြစ်လဲ "ဟူ၍ချည်ပြီးတုပ်ပြီးလှုပ်မရ‌တော့အောင်အကြပ်ကိုင်သေးသည်။

ကိုယ့်အားကိုး နှင့် အရင်ကထပ်ပင် ဇိုးခနဲ
ဇတ်ခနဲ နဲ့လည်း နေရာစုံမှာ ရန်ဖြစ်ချင်ဖြစ်တာဘဲ။ ဟုတ်တာဘဲ သူ့မှာမ‌ကောင်းဆိုးဝါး ညဉ်သေးသေးလေးရှိတာ မေ့ထားလို့မှမဖြစ်တာ။

နည်းမျိုးစုံနှင့်ကို လှည့်စားနေသော နတ်ဘုရား
တစ်ပါး။ နူးညံ့ခြင်းလား အရိုင်းဆန်စွာဆွဲဆောင်နိုင်ခြင်းလား အရာအားလုံးကို ကျမ်းကြေစွာတတ်မြောက်ထားပြီးတဲ့ နတ်ဘုရားတစ်ပါးပေါ့။
ထိုနတ်ဘုရားရဲ့ စက်ကွင်းထဲက ရုန်းထွက်ဖို့လမ်း
စဟာ ကမ်းမမြင်လမ်းမမြင်။ ဒါပေမဲ့ ဒီလမ်းဟာ သေချာပေါက်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်ဝာာမို့
ရုန်းထွက်ဖို့လည်းမကြိုးစားမိပါ။

အခုလည်း ကိုယ့်ကိုတစ်ယောက်ထဲ သူ့တိုက်ခန်းမှာထားခဲ့ပြီး ထယ်ယောင်း နှင့် ထွက်သွားတာ
အတော်လေးကိုကြာနေပြီ။ နာရီလက်တံတွေက
ညနေ၅နာရီပင်ထိုးလုနီးပါဖြစ်နေပြီလေ။

အကြောင်းကား ထယ်ယောင်းတစ်ယောက်
မနက်ထဲက သွားစရာရှိလို့  အဖော်မရှိလို့ပါဆိုပြီး
တိုက်ရှေ့ထိ လာကာတစ်ပူပူလုပ်ရင်း ဂျီမင့်ကို
အပါခေါ်သွားတာ။ ငါပါလိုက်ခဲ့မယ် ဆိုတော့
ထယ်ယောင်းက ခါးခါးသီးသီး။
ထယ်ယောင်းနှင့်လည်း အဖွဲ့ကျချက်က
လက်လန်သည်။ တစ်ခုခုဆို ကိုယ်တောင်
ဒုံဂျွန်းနှင့်သာ ဘေးရောက်ရင်ရောက်
နေတတ်သေးသည်။

"ပြန်ရောက်ပါပြီ~"

အမှန်ကတော့ တစ်ယောက်ထဲပျင်းနေသည်မို့
Tokyo Ug Racing Clip တွေ
ကြည့်နေခဲ့ခြင်းဖြစ်သည်။ သေချာလည်း
မကြည့်ဖြစ်ပါ အချိန်ပြည့် အတွေးတွေက
ကူးချည်သန်းချည်မို့ အာရုံက မရောက်။
သို့သော်ငြားလဲ ထိုအချင်းအရာအာရုံပေါင်းစုံကို
ယတိပြတ်သွားအောင် စွမ်းဆောင်နိုင်တဲ့
နား၀င်ပီယံရှိလှသည့် အသံလေးတစ်ခုက အသိပေးဟန်နှင့် တံခါး၀မှပေါ်ထွက်လာပြီး
ကိုယ်ရှိရာ ကုတင်ဘက်သို့ ၀င်လာသည်မို့
လှဲနေရမှ ကုန်းထမိလိုက်သည်။

RIDE OR DIE [ hiatus ]Where stories live. Discover now