UNICODE
ယနေ့ထပ်ထိ မီဒီယာပေါ်က ပုတ်ခတ်အထင်လွဲ
ထင်ကြေးပေးပြောဆိုမှု့တွေကြား Jeon Group နှင့်တကွ ဂျောင်ကု၏ ဂုဏ်သိက္ခာများသည်
လူအများ၏ပါးစပ်ထဲတွင် ရောက်တတ်ရာရာဖြင့် ဘောင်တစ်ခုအတွင်း ကန့်သတ်ခံထားရခဲ့သည်။ ကုမ္ပဏီမှ ရှယ်ရာများလည်း ဒီတစ်လအတွင်းမှာပင် အနည်းနှင့်အများ ထိုးကျလာတာသက်သေ။ ယုံကြည်ဝန်းရံပေးသည့် လူတွေလည်းရှိခဲ့ပေမဲ့ အနည်းအကျဉ်းသာဖြစ်သည်။ အငုံ့စိတ်နှင့် မနာလိုဝန်တိုခဲ့သူများအတွက်တော့ ဤအရာသည် သူတို့အတွက် ဘုရားပေးသည့်ဆုလာဘ်ဖြစ်ချင်ဖြစ်ကောင်းခဲ့မှာပေါ့။- အမှန်တရားဆိုတာ ဂျိုနှင့်လား? Jeon Group
ဘက်မှ နောက်ဆက်ခံသူဖြစ်လာမည့်
Jeon Jungkook သည် အမှု့ကိုဆက်လက် ရှောင်တိမ်းနေဆဲ...စွဲချက်ကိုပယ်ချနေဆဲ။ -July လ 9 ရက် ယနေ့ထုတ်သတင်းစာ၏ ရှေ့ဆုံးစာမျက်နှာတွင် အကျယ်တဝင့်ဖြင့် နေရာယူထားသည့် သတင်းတစ်ပုဒ်၏ ခေါင်းစဉ် ထူထူနက်နက်ကို ဂျီမင် တိုးညှင်းစွာအသံထွက်၍ တစ်လုံးချင်းဆီ ဖတ်မိလိုက်သည်။ သတင်းကိုသတင်းလိုမရေးဘဲ မလိုအပ်သည်များကို ချဲ့ကားပိုပိုသာသာရေးထားသော စာပိုဒ်များသည် ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်မှု့ ၊ သရော်လှောင်ပြောင်မှု့ များပါစသည်ဖြင့် စုံလင်စွာ ပါဝင်နေသည်။
ရှေ့နေနမ်ဂျွန်းရုံးခန်းထဲရှိ တစ်ဖြတ်ဖြတ်ကြားနေရသည့် စာရွက်အသံတွေ နှင့်တကွ စကားမြည်စ အဝန်းအဝိုင်းတွေသည် နားထဲမဝင်သည့်တိုင်
သူသည် ထိုသတင်းအပေါ် နစ်မြုပ်နေခဲ့ရာ၏။မျက်စေ့တစ်ဆုံးထိ မမှိတ်မသုန်တစ်စေ့တစ်ကျဖတ်နေသည့် ဂျီမင့်၏မျက်နှာသည် အရေးမပါသည့် အာရုံတွေအတွက် လိုက်ခံစားပေးဖို့ အခြေအနေမရှိသည့်ပုံ။ ယုံကြည်မှု့တွေနှင့်
ရစ်သိုင်းခဲ့သည့် သူ့နှလုံးသားတစ်ခုလုံးသည်
ဒီညအတွက် အရာရာကိုရင်ဆိုင်ဖို့ရာအဆင်သင့်ဖြစ်လို့ နေခဲ့ပြီ။ဂျီမင် လက်ထဲက သတင်းစာကို အခေါက်လိုက် ထပ်ချိုးခေါက်လိုက်ပြီး ရှေ့ကစားပွဲပေါ်
ခပ်ဆတ်ဆတ်ပင် ပစ်ချလိုက်တော့ အရပ်ရပ်မှ မျက်ဝန်း ၃စုံသည် ထိုသတင်းစာပေါ်တွင်။
နမ်ဂျွန်း သူ့အလုပ်စားပွဲခုံကနေ စာရွက်စာတမ်းတစ်ချို့ကိုယူကာ ဂျီမင်၏မျက်နှာချင်းဆိုင်တွင်
ဝင်လိုက်ကာ ချောင်းတစ်ဟန့်အရင်ဟန့်လိုက်ပြီး
ESTÁS LEYENDO
RIDE OR DIE [ hiatus ]
FanficUNICODE: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။ ZAWGYI: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။