Episode : 19

757 83 12
                                        

UNICODE

"ပြစ်မှု့ရေးရာစင်တာ?"

"ဟုတ်တယ် ခုနကတင်
နေရာရွှေ့လိုက်ကြတာ"

ရောက်ရောက်ချင်းစောက်နဲ့ထွင်းဆိုသလိုပင်
ဂျီမင့်ရဲ့ခံနိုင်ရည်စွမ်းအားတွေကို
စိတ်ဒုက္ခလှိုင်းလုံးတွေကနစ်မြုပ်အောင်
ရိုက်ချသွားပြန်တယ်။ ရင်ထဲက
စိတ်ရှုပ်ထွေးမှု့ တွေကိုတော့ ဘယ်သူမှမမြင်နိုင်...

သက်ပြင်းရှည်ရှည်တစ်ချက်ချရင်း
ချက်ချင်းဆိုသလိုပင် ထယ်ယောင်းရှေ့ကနေ
လှည့်ထွက်လာလိုက်ကာ ပြစ်မှု့ရေးရာစင်တာ
ဘက်ကို ခြေဦးလှည့်မည်အလုပ်

"ဂျီမင် shi"

ရှေ့မှာကာစီးကာရပ်လာသည့် ရင်အုပ်ခပ်
ကျယ်ကျယ်နှင့် လူသားတစ်ယောက်ဟာ
ဂျောင်ကုဘက်က ရှေ့နေဖြစ်သည်။ ဘေးတွင်တော့ ဂျောင်ကု၏အကို ယွန်းဂီဟျောင်း။

"အကိုတို့ စကားခဏလောက် ပြောလို့ရမလား"

.

အနီးနားက ကော်ဖီဆိုင်ငယ်လေး
အတွင်းတွင်ဖြစ်သည်။

ယွန်းဂီဟျောင်း နှင့် ရှေ့နေ နမ်ဂျွန်းတို့ မျက်နှာမှာ သိပ်မကောင်းတာမို့ ရင်ထဲလည်းစိုးစိုးထိတ်ထိတ်။

ဆိုင်အတွင်းက စန္ဒရားသံညှင်းသွဲ့သွဲ့ လေးကိုမူ
သာမန်အချိန်ဆို သာယာနာပျော်ဖွယ်ကောင်း‌
သည်ဟု မှတ်ချက်ပေးမိလိမ့်မည် သို့သော်
အခုတော့ သူတို့သုံးဦးသား အာရုံစူးစိုက်မှု့
အားနည်းစွာ လျှစ်လျူရှု့ထားမိကြသည်။

ဂျီမင့်ရဲ့အသက်မပါ၀င်လှတဲ့အကြည့်တွေဟာလည်း စိတ်နှင့်လူနှင့်မကပ်တာသိသိသာသာ။

တစ်ဖက်တစ်ချက်က တိုးဝှေ့တိုက်ခတ်လာတဲ့
လေအေးအေးကိုသာ အပြည့်အ၀တစ်ချက်ရှုသွင်းလိုက်ပြီး စိတ်ကိုပြင်ဆင်လိုက်ကာ
လက်နှစ်ဖက်ကို သေချာစွာယှက်ထားရင်း
တစ်ဖက်က အပြောကိုသာစောင့်နေမိသည်။

"ဂျောင်ကုရဲ့အမှု့က
ထင်တာထပ်ကို ပိုခက်ခဲတယ်"

စကားရဲ့အဆုံးတွင် မျက်စိရှေ့ကို စာအိတ်အဖြူ‌
လေးတစ်စောင်တွန်းပို့လာသည်မို့ ယူကာဖွင့်ဖတ်ကြည့်မိတော့ NFS ကဆေးစစ်ချက်အဖြေလွှာတွေ။

RIDE OR DIE [ hiatus ]Donde viven las historias. Descúbrelo ahora