UNICODE
အချစ်ဆိုတာမင်းနဲ့အတူသာဆို
နူးညံ့သိမ်မွေ့ပြီး သေချာပေါက်
ပြုံးရီနေနိုင်တာမျိုး။ပြောမရဆိုမရတဲ့ဂျောင်ကုရယ်ပါ
မနေ့တစ်နေ့ကမှဆေးရုံကဆင်းလို့
အိမ်မှာဘဲသေချာ အနာအရှင်းကျက်တဲ့ထိ
အနားယူပါဆိုကာမှ
သည်းငယ်ကိုလွမ်းလို့ ငယ့်ဆီလာမယ်တဲ့လေ။မဟုတ်သေးပါဘူး ဒဏ်ရာတစ်ခုခုဖြစ်မှာဆိုးလို့
မလာပါနဲ့ဆိုတော့ ကိုယ့်ကိုသူ့အိမ်လာတဲ့
တစ်ခုမရတစ်ခုကို လှည့်ပတ်ပြီး ဂျီကျနေတယ်။
ဆေးရုံတက်နေရတဲ့ရက်အတွင်းလဲ နေ့တိုင်းအနားမှာပြုစုပေးနေတာဘဲကို ပိုကိုပိုလွန်းနေတာ
မဟုတ်ဘူးလား??ရုံးပိတ်ရက်ဖြစ်တာမို့ သူ့အကိုနဲ့အမရှိတာကို
ကျွန်တော့်ကိုအတင်းတွေဇွတ်ခေါ်လေတယ်။
သူကတော့ ဘာမှမဖြစ်ဘူး ငယ်ဘဲရောက်အောင်သာလာခဲ့ပါတဲ့။အစာမာစားမရသေးတဲ့ဂျောင်ကုအတွက်
ဆန်ပြုတ်ချက်ယူသွားဖို့လိုအပ်တာတွေပြင်ဆင်ရင်း သူ့အကြောင်းပြန်တွေးမိတော့
အလိုလိုပင် မျက်နှာပေါ်မှာ အပြုံးတို့ကပနံသင့်စွာ
နေရာယူလေသည်။ခရုဆန်ပြုတ်လေးချက်တိုက်ချင်ပေမဲ့
ပင်လယ်စာဖြစ်တာမို့ အခန့်မသင့်ရင်
အနာကယားယံနေဦးမယ် အဲ့တာကြောင့်
ကြက်သားဆန်ပြုတ် မွှေးမွှေးလေးဘဲ
ချက်ယူသွားဖို့ ဆုံးဖြတ်ဖြစ်ခဲ့သည်။ကောင်းကောင်းလေးဘဲစားစေချင်သည်မို့
အင်တာနက်ပေါ်က ချက်နည်းတွေသေချာရှာကာ
စေတနာအပြည့် ပီတိအပြည့်နှင့် ချက်ပြုတ်ခဲ့
တာမို့ အရသာရှိမှာအမှန်ဘဲ...ကျွန်တော် ဘယ်အရာအပေါ်မှနောက်ဆန်တင်း
မနေတော့ဘူး ပျော်ရွှင်နေရမဲ့အချိန်မှာ
ပျော်ရွင်ဖို့၀န်မလေးတော့ဘူးမောင့်ကိုလဲ ဒီထပ်အများကြီး ပိုပြီး ဆက်ချစ်ပေးသွားဖို့ဘဲရှိတော့တယ်...။
မောင့်ရဲ့မြတ်နိုးရပါသောသည်းငယ်💛
"မောင်~ ငါ ရောက်တော့မယ်သိလား"
မောင် လို့ခေါ်ပြီး မင်းနဲ့ငါလို့ဘဲဆက်၍သုံးနှုန်း
နေသော ထိုကောင်လေးက ချစ်မ၀လေး။
ESTÁS LEYENDO
RIDE OR DIE [ hiatus ]
FanficUNICODE: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။ ZAWGYI: မီးရောင်စုံအောက်မှာ ချစ်ခဲ့မိသော နှုတ်ခမ်းဖူးတစ်စုံ၏ရာဇ၀င် မှ အစပြုသည်...။