Episode : 18

934 109 15
                                    

UNICODE

(ဥပဒေရေးရာနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေဟာ ဇာတ်အတွက်သာ ကိုယ့်ရဲ့စိတ်ကူးသက်သက်ကောက်ချက်ချ တဲ့အပိုင်းတွေပါဝင်တာမို့ ယုတ္တိမဆန်မှာသေချာပါတယ်။ အမှားကလည်းသေချာပေါက်ပါမှာသိတာမို့ ကြိုတောင်းပန်ပါရစေ။ အကောင်းဆုံးမတင်ပြနိုင်တဲ့အတွက်လည်း
အားနာရပါတယ်ရှင်။)

အကယ်၍ ဥပဒေကျောင်းသူ‌တွေဖတ်မိသည်
ရှိသော် "ဟာ ဒီတစ်ယောက် ဘာတွေ ရွှီးနေတာလဲ" ဖြစ်နေပါဦးမယ်XD . ဒါကြောင့်နားလည်ပေးကြပါဦး။

.........

"ဪ ရှေ့နေပတ်..."

"ရောက်လာပြီလား...ထိုင်ပါ"

တည်ကြည်အေးစက်လှသောမျက်နှာထိ
မျက်နှာထား နှင့်တကွ ဩဇာညောင်းလှသော အသံအနေအထားနှင့် လက်တစ်ဖက်ကမ်းကာ ကြိုဆိုကြောင်းပြုရင်း ထိုင်ဖို့ဆိုလာသည့်
ဂန်မင်ဟွီ ဆိုသူ မှာ ကုမ္ပဏီ ရုံးခန်းအတွင်း
အခန့်သား မာန်အပြည့်နှင့် တည်ရှိသည်။
Suit နက်ပြာရောင်ကို သေချာကျန သားနားစွာဝတ်ဆင်ထားသည့် အလျှောက် သေသပ်စွာဖီးလိမ်းထားသည့် ဆံပင်တို့နှင့် လက်ကောက်ဝတ်ပေါ်က အဖိုးတန်နာရီတို့မှာ တောက်တောက်ပြောင်ပြောင်နှင့် ကိုယ်ထည်ပေါ်မှာ အံ့ဝင်ဂွင်ကျစွာ လိုက်ဖက်လွန်းလှသည်။

သူ၏ပုံစံမှာ ရှိရင်းစွဲမူရင်းမြင်နေကြထပ်ကို ပို၍လေးနက်နေပုံဟန်ထောက်သည်။
လှစ်ခနဲပေါ်လာသည့် အပြုံးတွန့်‌ချိုးတွေသည် ကျောချမ်းဖွယ်ရာ။ နတ်ဆိုးတစ်ပါးနှင့် အပေးအယူလုပ်ရသည့်အလား သူ၏မျက်ဝန်းအကြည့်တွေမှာ အပေးအယူ ဆန်သော အဓိပ္ပာယ်တွေများစွာပျော်ဝင်နေသည်။

"မင်္ဂလာပါ သူဌေးဂန်"

သူက ခေါင်းတစ်ချက်သာ ဖွဖွငြိမ့်ပြရင်း
အသိမှတ်ပြုတယ်။ နောက် သူ့ဘေးက လူယုံ၂ယောက်ကို အကြည့်တစ်ချက်ဖြင့်သာ
ရုံးခန်းအပြင်ထွက်စေတယ်။

"ဒါနဲ့ ဘာသုံးဆောင်ဦးမလဲ..."

"နေပါစေ လိုရင်းကိုဘဲ ပြောကြတာပေါ့..."

"ဟုတ်ပြီလေ ဒါဆို ဆိုပါဦး"

ခြေတစ်ဖက်ကို ကျန်တစ်ဖက်ပေါ် ယှက်တင်လိုက်ကာ ကျောကို ခုံမှာ မှီလိုက်စေပြီး သက်တောင့်သက်သာဖြစ်စေတဲ့ အနေအထားကို သူက ပြောင်းလဲ‌စေသည်။

RIDE OR DIE [ hiatus ]حيث تعيش القصص. اكتشف الآن