"ဘာဖြစ်လို့လဲ ဂျွန်"
"ဟင်"
လက်ထဲက ကိုင်ထားတဲ့ ပန်းသီးစိမ်းလေးကို
စျေးနှူန်းတွေကပ်ထားတဲ့နေရာမှာပြန်ထားလိုက်ရင်း အကြောင်းမဲ့ပြုံးပြလိုက်သည်။ ဆုပ်ထားမိတာ ဘယ်လောက်ကြာတယ်မသိ လက်ဝါးမှာတော့ ချွေးတွေစို့နေပြီ။"ဘာတွေတွေးနေတာလဲ"
"အာ..အင်း..ဒီလိုပါပဲ...ဝယ်လို့ပြီးပြီလား"
"အင်း...ဝိုင်ပဲဝယ်လိုက်တယ်"
စက္ကူအိတ်တောင့်တောင့်လေး ကို ကိုင်းကနေဆွဲမြှောက် ပြရင်းပြောသူက ကိုယ့်အမေးထက်...အရှေ့မှာ ကိုယ်ဖြေခဲ့တဲ့ ဒီလိုပါပဲ ဆိုတဲ့ စကားကို ပဲ စိတ်ရောက်နေပုံပေါ်သည်။
"ဂျွန်"
"ဟင်"
"တစ်ခုခုဖြစ်နေတာသေချာပါတယ်"
ကိုကိုးမျက်လုံးတွေကိုကြည့်ရင်း ညာလို့မရတော့မှန်းသိ လိုက်သည်။ဒီလူ.. လူကဲခတ်တော်လွန်းတာတော့ ငြင်းလို့မရ။ ဒါပေမယ့် ကိုယ်ဘာကြောင့် ဒီပုံစံဖြစ်နေရသလဲဆိုတာ အဝေးကြီးလျှောက်တွေးနေစရာမှ မလိုဘဲ။
"ကိုကိုး"
ဘာသံမှ ထွက်မလာပေမယ့် မျက်ခုံးတွေတစ်ချက်ပင့်ပြသွားတော့ ပြောဆိုသည့်သဘော။
"ကျွန်တော်မလိုက်လို့မရဘူးလားဟင်"
သူ့မိဘအိမ်ဆိုသည့် အသိနဲ့တင် ခြေဦးမလှည့်ရဖို့ အကြောင်းရင်းလုံလောက်သည်။ ကိုယ့် ကို မကြည်ဖြူခဲ့မှန်းသိသိကြီးနဲ့ မသွားချင်။ ဘယ်လောက်ပဲလာခဲ့ဖို့ ခေါ်ပါသည်ဆိုအုံးတော့ ဒီအခြေအနေတွေကိုသိလျက်သားနဲ့ ကိုကိုးကရော သူ့ကိုဘာဖြစ်လို့ အပါခေါ်ချင်နေရသနည်း။
"မာမီက အတူတူလာခဲ့ဖို့ပြောထားတယ်လေ"
"ဒါပေမယ့်..."
"အဆင်ပြေသွားမှာပါ... တဖြည်းဖြည်းနဲ့ မာမီက ချာတိတ်ကို ချစ်သွားမှာ...မာမီနဲ့ အဆင်မပြေချင်ဘူးလား"
ကိုကိုးအတွက်လို့ စဥ်းစားလိုက်ရင် အဘိုက်အထိုက်နေပေးသင့်ပေမယ့် အနေခက်ရတဲ့ ခံစားချက်ကြီးကိုမကြိုက်။ ကိုယ့်ကိုမကြည်ဖြူပါဘူးလို့ ခါးခါးသီးသီးမငြင်းခဲ့ရုံကလွဲရင် ကျန်တာတွေ အကုန်လုပ်ခဲ့ဖူးတဲ့ သူမို့ ချက်ချင်းအလံဖြူပြပေးလိုက်ဖို့ကို ကိုယ့်မာနက လက်မခံ။
YOU ARE READING
Mesmerize
Fanfictionအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..