Part (17)

608 87 27
                                    

(Zawgyi)

Mez(17)

....lmmmm.....

မပီမပြင် အသံတိုးတိုးနဲ့ လက်မောင်းထက်က လှုပ်ရှားမှုကြောင့် ..မျက်လုံးတွေဖွင့်လိုက်မိတော့ လင်းရောင်ပြုစပတ်ဝန်းကျင်နဲ့ မနက်ခင်းတစ်ခု....

ဆံပင်ဖျော့ဖျော့တွေနဲ့လုံးထွေးရင်း လက်မောင်းပေါ်က လိမ့်ကျလုဆဲဆဲခေါင်းလေးကို ဆွဲယူနေရာချပေးလိုက်သည်။ မိုးတွေစဲသွားမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့ ဂျွန်က ညတုန်းကတော့ သူနည်းနည်းလှုပ်တာနဲ့ အင်္ကျီစကို တင်းနေအောင်ဆွဲပြီး လူးလွန့်လာတတ်သည်။

အနီးကပ်မြင်နေရတဲ့ ပန်းဖျော့ဖျော့ဆံပင်ပွပွတွေကြားမှာ မို့ဖောင်းနေတဲ့ မျက်ခွံတွေ....အော်သံကြားလို့ သူအခန်းထဲပြေးဝင်ခဲ့တဲ့အချိန်ကတည်းက မျက်ရည်တွေအလိုလိုကျနေတဲ့ ဂျွန့် မျက်လုံးတွေ ဖောင်းနေခဲ့တာ...
တစ်ကိုယ်လုံးတုန်နေတဲ့ ညတုန်းက ဂျွန်ရဲ့ ပုံစံကို ပြန်တွေးမိတော့ ရင်ထဲမကောင်း.... စိတ်ရောလူရောပင်ပန်းနေတဲ့အပြင် ကိုယ်ကပါထပ်ပြီးစိတ်ညစ်အောင်လုပ်မိလို့များ ဂျွန် ဂယောင်ဂတမ်းနဲ့ ဆိုးဆိုးဝါးဝါးတွေဖြစ်သွားသလား...

ကိုယ့်အပြစ်လို့ ရိုးမယ်ဖွဲ့မိတိုင်း ညဦးတုန်းက ပဋိပက္ခတွေကို သတိရသည်။

"ဂျွန်က ကွာ"

"ဘာလဲ ကျွန်တော်မှားလို့လား"

အခြေအတင်ဖြစ်နေခဲ့တာ မိနစ်အတန်ကြာသည့်တိုင် စူးရဲနေတဲ့မျက်လုံးလေးတွေက သူ့ဆီကနေတစ်ချက်မှ မရွေ့....

"ကိုယ်အဆင်ပြေအောင်ရှင်းပေးမှာပေါ့...စိတ်လိုက်မာန်ပါတွေ ပြောလိုက်တော့ သူစိမ်းရှေ့မှာ ဘယ်ကောင်းမလဲ"

"သူစိမ်း...ဟုတ်လား...ကိုကိုး ဧည့်ဝတ်ကျေနေတဲ့ အဲ့ဒီမိန်းမက သူ့ကိုယ်သူ ဧည့်သည်လို့သတ်မှတ်ထားတယ်ထင်လို့လား"

"ဂျွန်"

"အော်.....အိမ်အထိ ခေါ်ပြီး ညစာချက်ကျွေးရတဲ့အထိဆိုတော့ သူစိမ်းဘယ်ဟုတ်တော့မလဲ...အဟား...ဂင်ဂျွန်တို့ အတွေးတိမ်လိုက်တာ"

"မာမီခေါ်လာခဲ့တာမို့လို့ ကိုယ်သည်းခံပြီးအဆင်ပြေအောင်နေပေးလိုက်တာ"

MesmerizeWhere stories live. Discover now