မနက်ခင်း ခြောက်နာရီခန့်...
နှိုးစက်မလိုတဲ့မျက်လုံးတွေက အချိန်မှန်ဖြတ်ခနဲပွင့်၏။ အခါတိုင်းလို မိနစ်ပိုင်းလောက် အိပ်ရာထဲကနေ ထဖို့ရာ အချိန်မဆွဲဖြစ်။သူအခန်းထဲက ကုတင်ပေါ်မှာ အိပ်ပျော်နေလောက်အုံးမယ့် အထူးဧည့်သည်လေး အတွက် အိမ်ရှင်တာဝန်ကျေပေးရအုံးမည်မဟုတ်လား။
မွေ့ရာခင်းမပါတဲ့ စာကြည့်ခန်းထဲက ကုတင်သေးသေးပေါ် အိပ်ခဲ့ရတာကြောင့် အနည်းငယ်မအီမသာဖြစ်နေတဲ့ ခါးနဲ့ ဇက်ပိုး ကို အနည်းငယ်ဖြေလျော့ရင်း အိပ်ရာကနေထပြီး ကိုယ်လက်သန့်စင်တာတွေ တတ်နိုင်သမျှ မြန်မြန်လုပ်ခဲ့လိုက်သည်။
ရေခဲသေတ္တာကိုဖွင့်ကာ တစ်ပတ်စာလောက်ဝယ်ထည့်ထားသည့် အထဲက seafood saladအတွက် အဆင်ပြေမယ့် ကင်းမွန် နဲ့ mussel တချို့ကို ရွေးထုတ်လိုက်သည်။
ကင်းမွန်ကို ခပ်ပါးပါးလှီးဖြတ်ပြီးချိန်မှာ အချိန်ကိုက်ပွက်ပွက်ဆူလာတဲ့ ရေနွေးထဲထည့်...သုံးမိနစ်လောက်မွှေနေပြီးမှ ပြန်ဆယ်ယူထားလိုက်သည်။
Mussel တွေ ကို အခြမ်းလိုက် ခွဲကာ ရေစင်စင်ဆေးပြီး ဆားနည်းနည်းနဲ့ သံပုရာရည်ညှစ်ထည့်ကာ နယ်ထားလိုက်သည်။
ကြက်သွန်နီတွေ ကြက်သွန်မြိတ်တွေလှီးဖြတ်ကာ တခြားလိုအပ်တာတွေပါလုပ်ရင်း တစ်ဖက်မီးဖိုပေါ်က အမဲနံရိုးနဲ့ ဂင်ချီဟင်းရည် ပွက်ပွက်ဆူလာချိန်မှာ ခုနစ်နာရီထိုးလုနီးနီး....
ကြွေဇလုံခပ်ကြီးကြီးတစ်ခုထဲ လှီးထားသမျှတွေရော၊ ဆော့စ် ၊ ကင်းမွန်နဲ့ musselတွေပါထည့်ပြီး သေသေချာချာနယ်ပေးလိုက်တော့ seafood saladတစ်ပွဲအဆင်ပြေပြေ ပြီးဆုံးသွားလေသည်။
ဟင်းရည်အိုးထဲ နုတ်နုတ်လှီးထားတဲ့ ကြက်သွန်မြိတ်တွေ ထည့်ပြီးချိန်မှာ ပေါင်းအိုးထဲက ထမင်းလဲကျက်ပြီမို့ မနက်စာအတွက် အဆင်သင့်။
YOU ARE READING
Mesmerize
Fanfictionအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..