(Zawgyi)
.....ဂျိမ်း........
အလင်းဖျော့ဖျော့တစ်ချက် နဲ့ ထပ်ကျပ်မကွာ ပါလာတဲ့ အသံက တိုးဖျော့ပေမယ့် ကြက်သီးတွေဖြန်းသွားသည်အထိ အကြောက်တရားတချို့ကို ထိထိရောက်ရောက် နှိုးဆွနိုင်ခဲ့သည်။
တမင်မပိတ်ဘဲထားခဲ့သည့် ပြင်တင်းပေါက်ဆီက လေပြင်းတွေ နဲ့အတူရောပါလာသည့် ရေမှုန်ရေမွှားတချို့....
...ကလေး လာလေ ဖွား အိပ်ရာဖက်ကူးခဲ့..
မြင်ကွင်းတွေ ရုတ်တရက် ဝေဝါးသွားခဲ့သည်။ မျက်တောင်တွေ ပေါ်စိုစွတ်သွားတဲ့ တစ်စုံတစ်ရာကို ပုတ်ခတ်ဖယ်ရှားပစ်ရင်း မုန်းစရာကောင်းတဲ့ အေးစက်စိုထိုင်းမှုကို တွန်းလှန်နိုင်ဖို့ ဒူးနှစ်ဖက်ကို တင်းတင်းပိုက်ရင်း ကိုယ်ကို ပိုပြီးကျုံ့ထားလိုက်မိသည်။
"မေမေ သားအရောင်ခြယ်ထားတဲ့ Mickey mouseလေး ကြည့်ပါအုံး"
"ဖယ်စမ်းပါ...ရှုံးနေရတဲ့အထဲ"
သက်ပြင်းတစ်ချက်မှုတ်ထုတ်ရင်း မှုန်မှိုင်းနေတဲ့ ကောင်းကင်ဆီကိုပဲ မော့ကြည့်လိုက်မိသည်။ အလင်းတန်းတွေမညီမညာ ပေါ်နေတဲ့ ကောင်းကင်က အဲ့ဒီနေ့က ပုံဆွဲစာရွက်လေး ကျိုးကြေနေပုံနဲ့တူသလိုပဲ။ ဟုတ်ပါတယ်.... ဖဲချပ်တွေပေါ်ကနေ သူပြန်ကောက်ခဲ့ဖူးတဲ့ စာရွက်အကျိုးအကြေလေးနဲ့ တကယ်ကိုတူတာ....
"ဂျိမ်း!!!!"
ပိုပြီးကျယ်လာတဲ့ အသံတစ်ချက်မှာ တစ်ကိုယ်လုံး လောင်ကျွမ်းပေါက်ကွဲတော့မလို....
....ကိုယ်ရှိတယ်......
အာခေါင်တွေ ခြောက်လာတဲ့အထိ အသက်ရှုသံတွေမြန်လာပေမယ့် မြင်သမျှကြားသမျှကို ယဉ်ပါးနိုင်ဖို့ မျက်တောင်မခတ်စတမ်း စိန်ခေါ်ရင်း...
*ရင်ဆိုင်လိုက်စမ်း ဂင်ဂျွန်..... ဒါ ဟာ ရှေ့ဆက်သွားရမယ့် မင်းရဲ့ ဘဝပဲ.. မင်းကလွဲရင် ဘယ်သူမှမရှိတဲ့ မင်းတစ်ယောက်တည်းရဲ့ဘဝပဲ...အေးနေလား.... နွေးအောင်မလုပ်နိုင်သမျှ တင်းခံထား...ကြောက်နေသလား...သေမပစ်ရဲသေးသမျှ တင်းခံနိုင်ဖို့ကြိုးစား*
"ဂျိမ်း!!"
"ဂျွန်"
ခပ်မြန်မြန်လှုပ်ရှား မှုတစ်ခုမှာ မှန်တံခါးတစ်ချပ်ရှောခနဲ့ ပိတ်သွားခြင်းနဲ့အတူ အအေးဓာတ်ရော အသံတွေပါ သိသိသာသာလျှော့ကျသွားသည်။
YOU ARE READING
Mesmerize
Fanfictionအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..