(Zawgyi)
"ကိုယ်နဲ့ Merryက..."
ဘာမှမဖြစ်သလိုနေလိုက်ချင်ပေမယ့်...အတိအကျပြောရရင်စိတ်ဝင်စားဟန်မပြချင်ပေမယ့်...Vi Vi ခေါင်းကိုပွတ်သပ်ပေးနေတဲ့လက်တွေ အလိုလိုရပ်သွားမိသည်။
"ကိုယ်တို့က ငယ်သူငယ်ချင်းတွေ"
သိလိုသည်ဖြစ်သော်ညား ဆက်၍နားထောင်သင့်သည်လား....သံသယဟုမဆိုထိုက်သော မတင်မကျ ခံစားချက်တွေအတွက် လွန်လေပြီးသော အတိတ္ကို လက်ခံစဉ်းစားပေးရန်လိုအပ်သည်လား....
"ဂျွန်"
ဘာတုန့်ပြန်မှုမှ မပေးမိသည့်အခါ အရိပ်အခြေကြည့်လွန်းသည့် စကားသံက အနည်းငယ်စိုးရိမ်ဟန်ကိုပြ၏။
"အင်း....ကျွန်တော်နားထောင်နေတယ်"
အတ္တနည်းနည်းကြီးခဲ့မိသည်ထင်ပါရဲ့....ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက်နဲ့ အတူတူရွိခဲ့ဖူးတဲ့ ကိုကိုးရဲ့ အချိန်ကာလတွေအကြောင်း နားထောင်ပေးဖို့ နည်းနည်းတော့ တွန့်ဆုတ်သည်။
"ဆယ်ကျော်သက်အရွယ် ရဲ့ သဘာဝအတိုင်း သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်ရှိခဲ့ဖူးတယ်...ဒါပေမယ့် သူနဲ့ကိုယ် ချစ်သူမဖြစ်ခဲ့ကြဘူး"
မကြာသေးခင်ရက်ပိုင်းက ကြားခဲ့ရသည့် စကားတွေထဲမှာတော့ နှစ်ယောက်သားရဲ့ သံယောဇဉ်တွေက အတိုင်းမသိနက်ရှိုင်းခဲ့ဖူးပါသတဲ့....
"ကိုယ့်ကို ယုံပေး ဂျွန်"
ရင်ဆိုင်လိုက်မိတဲ့ မျက်ဝန်းတွေထဲမှာ ယုံကြည်မှုတစ်ခုအတွက် တောင်းပန်တိုးလျှိုးသည့် အရိပ်အရောင် တွေ....
"အထက်တန်း ပြီးတော့ အသိုင်းအဝိုင်းတောင့်တဲ့ သူက ရေခြားမြေခြားမှာ ကျောင်းသွားတက်ဖို့ ဖြစ်လာတယ်..ကိုယ့်ကို လိုက်ခဲ့ဖို့ခေါ်ပေမယ့် သူ့ရဲ့အထောက်အပံ့ သူ့အသိုင်းအဝိုင်းရဲ့ အရိပ်ထဲ မဝင်ချင်တဲ့ မာန ကြောင့် ကိုယ်ငြင်းခဲ့တယ်...အဲ့ဒါ သူနဲ့ပတ်သက်တဲ့ ကိုယ့်အတိတ်ရဲ့ အစအဆုံးပဲ"
စက္ကန့်တချို့လွန်တဲ့အထိ ငြိမ်သက်ခြင်းမှာ ကိုကိုးက သူ့မျက်နှာကို မျက်တောင် မခပ်စတမ်း ငေးမောရင်း...တစ်ခုခုပြန်ကြားရဖို့မျှော်လင့်နေတယ်ဆိုတာသိသည်။ သို့သော်.....
YOU ARE READING
Mesmerize
Fanfictionအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..