"Vi Vi"
အိမ်ထဲအဝင်မှာ ဖိနပ်ကြိုးတွေဖြည်နေတုန်း ခြေထောက်နား လာတိုးတဲ့ ဖြူဖြူလုံးလုံး ViViကို လက်တစ်ဖက်နဲ့ကောက်ပွေ့လိုက်ရသည်။
ဒီကောင် မအိပ်သေးတာလား....သူဝင်လာလို့ နိုးသွားတာလား...သူ တစ်နေကုန် အိမ်ပြန်မရောက်တာကို သိနေသည့်အလား မျက်နှာကိုမော့ကြည့်ရင်း တအီအီအသံပြု၏။
"Shuu...တိုးတိုးကွ...ဟိုလူုကြီး နိုးသွားလိမ့်မယ်"
ဖိနပ်တွေကို စင်ပေါ်သေချာတင်လိုက်ပြီး မှိန်ပြပြသာလင်းတဲ့ ဧည့်ခန်းကိုဖြတ်လျှောက်ဖို့ ViViကို ပိုက်ရင်း ဖြည်းဖြည်းခြင်း.....
အသားကျနေတဲ့ နေရာဖြစ်လင့်ကစား ကျောထဲတစ်ချက်စိမ့်သွားသည်က အမှောင်ထုကြောင့်လား...မလုံတလုံစိတ်နဲ့ ပတ်ဝန်းကျင်ကို မျက်လုံးတွေ အရောက်....
"ဟင်....ကိုကိုး!!"
ထိတ်ခနဲ ဖြစ်သွားတဲ့ ရင်ဘတ်ကို ရောင်ရမ်းပြီးလက်နဲ့ဖိလိုက်မိသည်။
"ပြောပါအုံး အိမ်ပြန်ချိန်သန်းခေါင်ကျော်ရတဲ့ အကြောင်းရင်း"
ကိုယ့်အခန်း နဲ့ မျက်နှာချင်းဆိုင်က နံရံကို မှီကာရပ်နေခဲ့ပုံရသည့် အရိပ်က တဖြည်းဖြည်း ချင်းကိုယ့်ရှေ့ရောက်လာခဲ့သည်။
"ကျွန်တော် သူငယ်ချင်းတွေနဲ့..."
"........"
မှောင်မှိုင်းနေပေမယ့် မျက်လုံးတစ်စုံက ကိုယ့်ကို အကဲခတ်နေမှန်းသိသာတော့ ဆက်ပြောရမယ့်စကားတွေကို သတိထားနေမိရင်း...
"စကားစမပြတ်တာနဲ့..အဲ့ဒါ"
"အော်"
တစ်ခွန်းထဲပဲ ပြန်လာသေးတဲ့ တုန့်ပြန်မှုမှာ စိတ်မလုံသလို ဖြစ်သွားခဲ့တာက သူမကြိုက်တာကို ကိုယ်ကလုပ်ထားမိလို့လားမပြောတတ်...
အခါများစွာက အိမ်ပြန်နောက်ကျခြင်းတွေမှာ ကိုယ့်ကိုစောင့်နေတတ်ပေမယ့် ဒီလို အေးစက်စက်အခြေအနေမျိုးနဲ့မဟုတ်သလို...ကိုယ်ကလဲ နောက်ကျခြင်းအတွက် ဘယ်တုန်းကမှ အကြောင်းပြချက်မပေးတတ်ခဲ့....
ဒါမှမဟုတ် ကိုယ်စိတ်ထင်လို့ပဲလား....
"အိပ်တော့ ဂျွန်....နောက်ဆို ကိုယ်စိတ်ပူအောင်လုပ်ပြီးရင် အမှန်အတိုင်းပြောပြဖို့မျှော်လင့်တယ်"
YOU ARE READING
Mesmerize
Fanfictionအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..