"ဒါကဒီလောက်နဲ့တင်ပြီးသွားရောလား""ကျွန်တော်တို့က နစ်နာတာ အသိသာကြီးပါ ဒီမှာကြည့်ပါအုံး သူလုပ်ထားတာ"
"တိတ်ကြစမ်း .. အာမခံလောက်နဲ့ သက်ညှာပေးတာကို ရောင့်တက်လာရင် မင်းတို့သောက်စားထားတာတွေပါ အမှုတွဲထဲထည့်လိုက်ရမလား..ဟမ်"
"ဟာဗျာ ကျွန်တော်တို့မသောက်ပါဘူး"
ငွေညှစ်ပြီး သုံးယောက်နဲ့တစ်ယောက် ရှန်ရှာ ခံရတာက ကိုယ်ပေမယ့်..ကိုယ့်ဖက်က လက်ဆပြင်းသွားသည့် ဖူးယောင်ဒဏ်ရာတချို့ကို ဗန်းပြကာ ပြသနာအရင်းအမြစ်ကိုအတင်းကွယ်ဝှက်ပြီး လျော်ကြေးစကားတွေ စလာ လေသည်။"ကျစ်"
တစ်ယောက်တစ်ပေါက် ဆူညံပွက်နေတဲ့ အခြေအနေမှာ အတော်လေးညစ်ညူးသွားတဲ့စိတ်ကြောင့် စုပ်တစ်ချက်သပ်ရင်း ဆံပင်တွေကိုအကြောင်းမဲ့ထိုးဖွဖြစ်သည်။ စိတ်ပြေရာပြေကြောင်း ဂိမ်းနှိပ်နေလိုက်ဖို့ ဖုန်းကိုထုတ်လိုက်တော့ ဖန်သားပြင်ပေါ်က အက်ရာကြောင့် မကြည်နေတဲ့စိတ်က ပိုပြီးအနည်ထ၏။
"ချာတိတ်!!"
ဖုန်းကိုင်ထားတဲ့ လက်ကောက်ဝတ်တစ်ဖက် မြောက်တက်သွားတဲ့နောက်ကို တစ်ကိုယ်လုံးပါသွားပြီး အလိုအလျောက်မတ်တပ်ရပ်မိလျက်သား....မြင်ဖူးနေကျ ပြုံးယောင်ယောင် မျက်နှာမှာ မေးကြောတွေတင်းမာနေခဲ့တော့ အနည်းငယ် ကြောင်အမ်းသွားမိသည်။
"ကိုကိုး"
"ပြစမ်း..ဘယ်နားထိသွားသေး....ဟာကွာ"
မေးတဲ့ စကားမဆုံးသေးခင် နှုတ်ခမ်းထောင့်စွန်းက တမင်မသုတ်ဘဲ ထားခဲ့သည့်သွေးစ တစ်ချို့ ဆီမှာ မဖြေရှာတွေ့သွားသည်ထင်...ဒဏ်ရာပေါ် လက်မနဲ့ဖွဖွ ထိတွေ့ရင်း အနည်းငယ် မချိတင်ကဲဆန်သော ရေရွတ်သံတစ်ချက်...
"ဘာဖြစ်ကြတာလဲ"
ဟိန်းခနဲထွက်လာတဲ့ မေးသံ....ကိုယ့်ဆီကနေ လွှဲသွားတဲ့ အကြည့်တွေက တစ်ဖက်ခြမ်းမှာစုထိုင်နေကြတဲ့ သုံးယောက်သားဆီရောက်သွားသည်။ စပ်စပ်စုစု ကြည့်နေတဲ့ မျက်လုံးတွေက Oh Se Hun ရဲ့ အရှိန်အဝါအောက်မှာ နည်းနည်းတော့အရောင်မှိန်သွားလေသည်။
YOU ARE READING
Mesmerize
Fanfictionအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..