"Marshmallowတွေ"
"အင်း"
"များလှချည်လား ကြိုက်တတ်တာလဲ မဟုတ်ဘဲနဲ့"
မျက်လုံးထဲမြင်မိတုန်း သတိတရ ကောက်ထည့်လာတဲ့ marshmallow သုံးထုပ်ကိုတစ်ချက်သာကြည့်ပြီး ပြန်လှည့်သွားတဲ့နောက် ရည်ရွယ်ချက်မရှိလိုက်ကြည့်နေမိရင်း....
"အစ်ကို မင်ဆော့အတွက်လေ... ဒီရက်ထဲ အလုပ်ပျက်တာတွေ များနေလို့ သူ့အကြိုက်လေးတွေ ကျွေးပြီး မျက်နှာလုပ်ဖို့ "
ရယ်ကျဲကျဲမျက်နှာနဲ့ ပြောလိုက်တော့..ကိုယ်နဲ့အတူ တိုးတိုးရယ်လေသည်။ စာအုပ္ဆိုင္ကို လာႀကိဳၿပီး အျပန္မွာ marketထဲ ဝင်ၾကတာ နာရီဝက္ခန့္ရွိၿပီ။
"အိမ်ပြန်ရောက်ရင် လွယ်လွယ်ကူကူ အစိမ်းကြော်ပဲကြော်စားရအောင်"
မုန့်ညှင်းတွေ ကိုရွေးဆယ်ရင်း သူ့ဘာသာတိုးတိုးပြောနေတဲ့အနားမှာ ဆွဲခြင်းကိုကိုင် ထားပေးရင်း လုပ်သမျှလိုက်ကြည့်နေမိပေမယ့် ငိုက်မြည်းနေတဲ့ မျက်လုံးထဲမှာ အရွက်စိမ်းစိမ်းတွေက နီးလာလိုက် ဝေးသွားလိုက်။
ကိုင်လိုက်ချလိုက်နဲ့ သုံးခါလောက်လုပ်ပြီးသွားချိန်မှာ တော့ မုန်ညှင်း၊ မုန်လာဥနီ နဲ့တခြားအသီးအရွက် တစ်ချို့ ခြင်းထဲရောက်လာလေသည်။
အရာရာ စေ့စပ်သည့်အလျှောက် အစိမ်းကြော်တစ်ပွဲစာ အသီးအရွက်နဲ့အသား ဝယ်ခြင်းမှာတင် ဆယ့်ငါးမိနစ်လောက် အချိန်ကုန်၏။
နှစ်ရက်တစ်ခါလောက် ညဖက်တွေ ဖွားဆီသွားအိပ်....ပြန်လာရင် စာအုပ်ဆိုင်သွား...အသွားအပြန်လမ်းပေါ်မှာပဲ အချိန်ကုန်ဖြစ်တာ နှစ်ပတ်ခန့်ရှိပြီမို့...အချိန်တိုင်းလိုလို အိပ်ရေးမဝသလို ခံစားချက်ကြီ၏နဲ့ ခန္ဓာကိုယ်က သူပင်ပန်းကြောင်း ဆန္ဒပြနေပြန်သည်။ ခဏ ခဏ သန်းဝေ နေလဲ အိပ်ချင်စိတ်ကမပျောက်...
ဝါးခနဲ တစ်ချက်သန်း ရင်း ဆိုင်မှာ စာအုပ်အသစ်တွေနေရာချရင်း တစ်နေ့လုံးနီးပါး မတ်တပ်အချိန်ကုန်ခဲ့ရသည်မို့ ညောင်းညာနေတဲ့ ခါးကို နှစ်ချက်လောက်ထုပစ်လိုက်တော့ ချက်ချင်းလှည့်ကြည့်လာရင်း....
YOU ARE READING
Mesmerize
Fanfictionအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..