(Unicode)
.....ဂျိမ်း!!!.....
အတော်အတန်ကျယ်တဲ့ မိုးချုန်းသံကြောင့် သူလန့်နိုးတော့ ညတစ်နာရီကျော်ကျော်.... ဖောက်လွဲဖောက်ပြန်ရာသီဥတုကြောင့် နွေဦးမှာ ရွာချလိုက်တဲ့မိုးက အတော်လေးသည်းသည်။
.....ဂျိမ်း!!!. ...
နောက်ထပ် ဆင့်ကာဆင့်ကာ နဲ့အသံတွေကျယ်လာတော့ သူဆက်ပြီး အိပ်လို့မပျော်တော့... ဂျွန် ဒီအသံတွေနဲ့ အဆင်ပြေပါ့မလားဆိုတဲ့ အတွေးကြောင့် မျက်လုံးတွေ အလိုလိုကျယ်ကုန်တော့သည်။
ကတောက်ကဆဖြစ်ထားတဲ့ အရှိန်နဲ့ အဲ့ဒီမာနခဲလေးက ကြောက်နေရင်တောင် သူ့အခန်းကိုကူးလာမှာမဟုတ်...
မနေနိုင်တဲ့အဆုံးတော့ ကိုယ်ကပဲ သူ့အခန်းဖက် ကို မယောင်မလည်နဲ့ရောက်သွားရတာပဲ။
အရင်ရက်ကတည်းက Lock ပျက်နေတဲ့ ဂျွန့်အခန်းတခါးက ခပ်ဟဟ ....
"ဟင်"
ပုံစံမပျက်သေးတဲ့ အိပ်ရာအနေအထားကြောင့် နည်းနည်းတော့တွေဝေသွားသည်။ ဂျွန်အခန်းထဲကပြန်ထွက်သွားတာများလား...ဂျွန်ရှိမရှိ ပိုပြီးသေချာချင်တဲ့စိတ်ကြောင့် အိပ်ရာနားဆီ ဖြည်းဖြည်းတိုးကပ်ရင်း မှောင်ရိပ်ဖက်ကိုလုသည့် မှုန်ပြပြ အလင်းရောင်ထဲက မြင်ကွင်းတွေကို အနည်းငယ်နေသားကျလာခဲ့ပြီး....
"ဂျွန်?"
ခုတင်ခေါင်းရင်းဖက်ထောင့်နားက အရိပ်လိုလိုကို မသေမချာခေါ်လိုက်မိသည်။
သူထင်တာမမှားဘူးဆိုရင် ဂျွန်ဟာ ခုတင်ကိုမှီပြီး ကြမ်းပြင်ပေါ်မှာ ပုဇွန်ထုပ်ကွေးလို ဒူးတွေကိုလက်နဲ့ပြန်ပိုက်ရင်းထိုင်နေတာဖြစ်လိမ့်မည်။ မဖွင့်ဘဲထားခဲ့ပုံရတဲ့ ခုတင်ဘေးစားပွဲပုလေးပေါ်က ညအိပ်မီးအိမ်ကို ဖွင့်လိုက်တော့မှ ဒူးတွေပေါ်မျက်နှာမှောက်ချထားတဲ့ ပုံရိပ်က ထင်ထင်ရှားရှား...
ကြောက်ရွံ့တုန်ရီ နေတာတွေမရှိပေမယ့်
ဖြည်းဖြည်းချင်း မော့လာတဲ့ မျက်နှာက အနည်းငယ်ဖျော့တော့တော့နိုင်လှသည်။"အဆင်ပြေရဲ့လား"
"ဟင့်အင်း"
မပီမသ ပေမယ့် ခေါင်းခါလိုက်တာကြောင့် ဆိုလိုရင်းကို သဘောပေါက်သည်။

ESTÁS LEYENDO
Mesmerize
Fanficအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..