်(Zawgyi)
ကိုကိုး..........
စိတ်ပင်ပန်းလာတိုင်း ဒီလူကို သတိရမိတတ်သည့် ဝသီတစ်ခု သူ့ဆီမှာစွဲနေခဲ့ပြီထင်သည်။
စိတ်ထဲက အစိုင်အခဲပေါင်းများစွာကို တစ်ယောက်ယောက်ဆီ ဖွင့်ထုတ်ပြချင်တိုင်း မြင်မိတဲ့ မျက်နှာက တစ်ယောက်တည်းပဲဖြစ်နေတတ်ပေမယ့်....သွေးအေးသွားချိန်မှာ ပြန်စဉ်းစားမိတိုင်း ကိုယ်လုပ်ထားခဲ့သည့် အချိုးအချိတ်တွေကြောင့် မျက်နှာချင်းဆိုင်ဖို့ တွန့်ဆုတ်သွားပြန်သည်။ဒီရက်တွေထဲ အတိမ်းအစောင်းမခံသည့် စိတ်ကြောင့် မပြောပလောက်သည့် အလွဲအမှားသေးသေးလေးကိုတောင် အော်ပစ်မိတော့မတတ် သူကိုကိုးအပေါ်စကားတွေလွန်မိတတ်သည်။ မနက်ကဖုန်းဆက်လာတော့လဲ မပြေလည်စရာ အချိုးမျိုးတွေ လုပ်ခဲ့ပြီးပြီ။Bus stop ကနေ လမ်းလျှောက်လာတဲ့တစ်လျှောက် အတွေးပေါင်းများစွာ......ဖိစီးလေးလံနေတဲ့ စိတ်နဲ့ ခန္ဓာဟာ အပင်စိုစိုလေးတွေနဲ့ ခြံဝန်းရှေ့ ခြေစုံရပ်မိရုံနဲ့ အနည်းငယ် လွတ်လပ်ပေါ့ပါးသယောင်......
"ဟင်"
တစ်ခါမှ မမြင်ဘူးတဲ့ ကားတစ်စီး.... တစ်ဖက်မှာလဲ ကိုကိုးရဲ့ကားကရပ်မြဲနေရာမှာရှိသည်မို့....ဧည့်သည်ရောက်နေတာများလား....
အိမ်ထဲအထိတန်းဝင်သွားတော့မည့် ခြေလှမ်းတွေကိုရပ်ပစ်ရင်း တစ်နေရာကို ရှောင်ထွက်ဖို့ပဲတွေးလိုက်မိသည်။ ကိုကိုးနဲ့ ပတ်သက်တဲ့သူတွေကို တစ်ယောက်မှ သူမသိ...သူတို့ကလဲ ကိုယ့်ကိုသိမှာမဟုတ်... မလိုအပ်ဘဲမေးလာမယ့်မေးခွန်းတွေ..အနေရခက်မှာတွေကိုလဲ မလိုချင်...ဆိုင်တစ်ဆိုင်မှာ ခဏထိုင်နေလိုက်ဖို့တွေးကာ ခြံပြင်ကိုပဲဦးတည်လိုက်ချိန်။
"နင့်လက်ရာတွေအရင်ကထက်ပိုကောင်းလာတယ် ဆယ်ဟွန်း"
သိပ်မကြာသေးခင်ကကြားဖူးထားသည့်အသံမို့ သူ့ခေါင်းက အသံလာရာအလိုလိုလည်ပါသွားသည်။
ဒီဆံပင်ရှည်တွေ.......
ပြီးတော့ကိုကိုး......ကားနားအထိ လိုက်ပို့ပေးပုံရတဲ့ ကိုကိုးက ကားတံခါးကိုဖွင့်ပေးနေရင်း ချီးကျူးစကားအတွက် ပြုံးသည်။
YOU ARE READING
Mesmerize
Fanfictionအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..