(Zawgyi)
သော့တံလေး တစ်ချက်အလှည့်မှာ ကလစ်ခနဲပွင့်သွားတဲ့ တံခါးသံကြောင့် လက်ထဲကနေ Vi Vi ဆတ်ခနဲခေါင်းထောင်သွားသည်။
"ဖြည်းဖြည်း Vi Vi"
အိမ်မှာ လူမရှိတဲ့အတောအတွင်း အစ်ကိုမင်ဆော့ဆီ ပို့ထားခဲ့ ရာကနေ ဒီနေ့မှပဲကျောင်းကအပြန်ကျမှ ပြန်သွားခေါ်ဖြစ်သည်။ အိမ်နဲ့ ငါးရက်လောက်ဝေးနေသည်မို့ လွမ်းနေပုံရတဲ့ Vi Vi က လက်ထဲကနေ ခုန်ထွက်ကာ ထိုင်ခုံတွေကြားထဲ လှစ်ခနဲပြေးဝင်းရင်း ဟိုဟိုဒီဒီ အနံ့ခံကြည့်နေပြန်သည်။ ဒီကောင် ဂျွန့်ကိုရှာနေတာပဲ ဖြစ်မှာ....
နည်းနည်းပါးပါး ဝယ်လာခဲ့တဲ့ ဟင်းချက်စရာတွေကို သိမ်းဆည်းဖို့ မီးဖိုခန်းထဲ အရင်ဝင်လိုက်တော့ စားပွဲပေါ်မှာ လှီးဖြတ်လက်စ အသီးအရွက်တချို့ နဲ့ ဓားတစ်လက်.... ဟင်းရွက်ပြုတ်ဖို့ပြင်ထားဟန်ရှိတဲ့ ဒယ်အိုးအသေးလေးက ရေအပြည့်ထည့်ပြီးသားအနေအထားနဲ့ မီးမဖွင့်ရသေးတဲ့ ဂက်စ် မီးဖိုပေါ်မှာ တင်လျက်သား.....
ချာတိတ် တစ်ယောက် ဟင်းချက်နေရင်းက တစ်နေရာရာကို ရောက်သွားပုံရသည်။
"ဂျွန်!"
သူက အခန်းရှေ့မှာ ရပ်ကာ ခေါ်ကြည့်ရုံပေမယ့် Vi Vi ကတော့ နှာခေါင်းတရှုံ့ရှုံ့နဲ့ ခပ်ဟဟ ဂျွန့် အခန်းတံခါးကို ကိုယ်လုံးနဲ့ တိုးတိုက်ကာအထဲ ဝင်သွားချေပြီ။ သူ့ သခင် အထဲမှာ ရှိသည် ထင်ပါရဲ့....
Vi Vi ကြောင့် ပွင့်သွားတဲ့ အခန်းထဲမှာ ဂျွန်က
မွေ့ရာအစွန်းနားကပ်လှဲရင်း ခပ်ခွေခွေအနေအထား....."ဂျွန်"
ချက်စရာတွေကို ထားခဲ့ပြီးဖုန်းလာသုံးနေတာများလားလို့ ထင်လိုက်သေးပေမယ့် သူ့ခေါ်သံမှာ ခုတင်ပေါ်က ပုံရိပ်က တုတ်တုတ်မျှ မလှုပ်....
အနားကိုရောက်သွားသည်အထိ ငြိမ်နေသေးတဲ့ ဂျွန်က ဖုန်းတခြားလူတခြား.... အိပ်ပျော်နေတာများလား ဒီအချိန်ကြီး...
"ဂျွန်"
နှိုးလိုက်မယ်ဆိုတဲ့ အတွေးနဲ့ ကျောခိုင်းထားဆဲ ခန္ဓာကိုယ်ကို ပုခုံးတစ်ဖက်ကနေ ကိုယ့်ဖက် ဆွဲလိုက်သည်။
YOU ARE READING
Mesmerize
Fanfictionအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..