"ဂင်ဂျွန်"
"အာ....မတွေ့တာကြာပြီ"
အသီးအရွက်တွေပါတဲ့ အိတ်ကိုကိုင်ထားတဲ့လက်တစ်ဖက်ကို ပြေးဆွဲလာတဲ့ Joleက ကော်လံမှာ အညိုရစ်လေးပါတဲ့ ဆင်ဆွယ်ရောင်ရှပ်နဲ့..ရင်ဘတ်က တံဆိပ်အဝိုင်းလေးမှာတော့ Moblie Phone Centerတစ်ခုရဲ့ နာမည်ကထင်းလို့....
"အလုပ်အသစ်ရနေပြီပေါ့"
"အေး..မင်းရော"
"စာအုပ်ဆိုင်တစ်ခုမှာ လုပ်နေတယ်... လစာမများပေမယ့် အေးအေးဆေးဆေး ရှိလို့"
ရင်းနှီးခဲ့ကြတဲ့ အချိန်ကာလ မကြာသေးပေမယ့် စိတ်ရင်းကောင်းတဲ့Joleနဲ့ စကားပြောဖြစ်သည့်အချိန်တိုင်း လွတ်လပ်ပေါ့ပါးသလို ခံစားရသည်။ ရုပ်တည်ကြီးနဲ့ အရွှန်းဖောက်တတ်တဲ့ Joleရဲ့ ဟာသတွေကြောင့်လဲ သူတော်တော်များများ ရယ်မောဖြစ်ခဲ့သည်။
"ငါအလုပ်လုပ်တဲ့ ဆိုင်က ဒုတိယထပ်မှာ...မင်းစိတ်ဝင်စားရင် လိုက်ကြည့်မလား ဂျွန်"
"ဟေ့အေး လူချင်းလွဲမှာစိုးလို့ မလိုက်တော့ဘူး"
သုံးရက်စာလောက် ချက်ပြုတ်စားသောက်ဖို့တွေ တတ်သလောက်မှတ်သလောက်ဝယ်ပြီးချိန်မှာ ခဏစောင့် ဆိုပြီး ပျောက်သွားတာကြောင့် ရောက်တဲ့နေရာမှာပဲ ရပ်နေလိုက်သည်။မသွားတတ်မလာတတ်တော့ မဟုတ်ပေမယ့် လူချင်းလွဲလို့ တစ်ယောက်တစ်ပြန်ရှာနေကြရင် အချိန်တွေ ကုန်မှာမို့....
"အော် မင်း အဖော်ပါတာလား...တစ်ယောက်တည်းထင်လို့... အေးအေးဆေးဆေး ရှိရင် ငါ့ဆီဝင်ခဲ့အုံး ပိုက္ဆံရရာ ရကြောင်းတိုင်ပင်ရအောင်"
"အိုကေ"
နှုတ်ဆက်ပြီး လှည့်ထွက်သွားတဲ့ Joleက တစ်ချက်လောက်သာရွှေ့ရသေးတဲ့ ခြေလှမ်းတွေကိုပြန်ရုတ်ရင်း အနားကပ်လာသည်မို့...ဘာမ်ားလဲ....
"ဂျွန်....မင်းစောင့်နေတာ သူလား"
အနားနားကပ်ရင်း "ဟုတ်တယ်မလား"ဆိုတဲ့ မျက်နှာပေးနဲ့ ပြောတဲ့ Joleရဲ့ ရည်ရွယ်ရာက ဖြည်းဖြည်း ချင်းလာနေတဲ့ တစ်ခေါ်စာအကွာအဝေးက အိုဆယ်ဟွန်းဆီ....
"အဲ့ဒီညကတည်းက ငါထင်သားပဲ မင်းနဲ့သူကတစ်ခုခုပဲ ဆိုတာ"
"အာ....Jole မင်း"
YOU ARE READING
Mesmerize
Fanfictionအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..