"ကျွန်တော် အိမ်ပြန်နောက်ကျမယ်""ဘယ်ကိုလဲ"
ပစ္စည်းများများစားစားပါပုံမရတဲ့ ကျောပိုးအိတ်ပျော့ပျော့တစ်လုံးကို လျော့တိလျော့ရဲလွယ်ရင်း တံခါးဆီ ဦးတည်နေတဲ့ ချာတိတ်...အိမ်မှာကပ်တဲ့အချိန်ဆိုတာ ရေချိုးချိန်လောက်သာရှိပြီး ဘယ်နေရာသွားလို့ ဘာလုပ်မယ်ဆိုတာ လဲ ဘယ်တုန်းကမှ အသိမပေးတတ်...
"အလုပ်ရှာနေတာ"
"အချိန်ပိုင်းလား"
"အင်း"
ဖိနပ်ကြိုးတွေချည်နေရင်းက မေးသမျှကို ဖြေနေပေမယ့် နောက်ကိုတစ်ချက်မှ လှည့်မကြည့်...
.နေ့လည်တုန်းက ပိုက်ဆံတစ်ထပ်ကိုင်ပြီး ပြန်ရောက်လာတဲ့ ဂျွန့်ရဲ့ နှုတ်ခမ်းထောင့်စွန်းမှာ အညိုအမဲ တွေထင်းလို့...ကားအရောင်းအဝယ် ဖြစ်ခဲ့ပေမယ့် ပွဲစားလောက အရှုပ်အရှင်းကို ဒီကောင်လေးက လက်သီးနဲ့ ဖြေရှင်းခဲ့ပုံရသည်။
"ကိုယ့်အသိရဲ့ စာအုပ်ဆိုင် မှာ အရောင်းဝန်ထမ်းခေါ်နေတယ် စိတ်ဝင်စားလား..အချိန်ပိုင်းတော့မဟုတ်ဘူး..မနက်ကနေ ညနေ ငါးနာရီလောက်အထိ"
သုံးချိုးတစ်ချိုးလောက်သာ လှည့်လာတဲ့ မျက်နှာကို အမိအရကြည့်ရင်း အကဲခတ်တော့ မျက်ဆံနက်နက်လေး ထောင့်ကိုကပ်ကာ တစ်ချက်စဉ်းစားလိုက်ပုံရ၏။
"လစာနည်းရင်တော့ အဆင်မပြေဘူး"
"အရင်းအနှီးမပါဘဲ မြိုးမြိုးမြက်မြက်ရတဲ့အလုပ်တွေက အန္တရာယ်များတာ မင်းလဲ သိတယ်မလား"
"သိတယ်"
ဖိနပ်ကြိုးတွေ အပြီးသပ်ချည်ပြီးနောက် မတ်မတ်ရပ်လာတဲ့ ဂျွန့်မျက်နှာက မှိုင်းမှိုင်းညို့ညို့...
"သိပေမယ့် သုံးတဲ့ limitအတိုင်းပြန်ရှာနိုင်ဖို့ ကျွန်တော်လုပ်တတ်တာ ဒါတွေပဲရှိတယ်"
"မင်းပျော်လို့ လုပ်နေတာဆိုရင်တော့ ကိုယ်မတားဘူး ဂျွန်....ဒါပေမယ့် မင်းမပျော်တဲ့ ပတ်ဝန်းကျင်မှာ မထူးဇာတ်ခင်းနေတာဆိုရင်တော့ ခွင့်မပြုချင်ဘူး"
သူ့စကားတွေထဲမှာ ငြိမ်ငြိမ်လေးဖြစ်သွားတဲ့ ဂျွန့်အနားကိုတိုးကာ ညိုရဲနေဆဲ နှုတ်ခမ်းထောင့်က ဒဏ်ရာကို ဖွဖွလေးထိတော့ မျက်ဝန်းဝိုင်းဝိုင်းတွေ ဝင့်တက်လာခဲ့သည်။
YOU ARE READING
Mesmerize
Fanfictionအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..