Part(19)

648 88 27
                                    


....*မင်းဘာလုပ်လိုက်တာလဲ*.....

"ကျစ်"

စိတ်ညစ်ညူးစွာ ဆံပင်တွေကိုပါ ဆွဲဖွပစ်လိုက်မိသည်။ အဲ့ဒီ့အသံ အဲ့ဒီမျက်လုံးတွေ အမြင်အာရုံ အကြားအာရုံတွေထဲ ဝဲလည်နေခဲ့တာ နာရီကနေ နေ့ရက်သို့ကူးပြောင်းသည်အထိ။

အထင်အမြင်မှားခဲ့လို့ ကိုယ့်ကိုအပြစ်တင်ချင်တယ်ဆိုရင်တောင် ဖြစ်ပျက်သမျှအစအဆုံး သေချာမေးမြန်းဖို့ကို ကိုကိုးဘာလို့ ပျက်ကွက်ခဲ့သလဲ....

ကိုယ်မှားခဲ့ရင်တောင် ကိုယ့်ဖက်ကရပ်တည်ကာကွယ်ပေးဖို့ ကိုယ်ဟာ သူ့ရဲ့ချစ်သူ ဆိုသည့်အကြောင်းပြချက်ဟာမလုံလောက်ခဲ့တာလား....

မျက်လုံးပေါင်းများစွာကို ဂရုမစိုက်စွာ ရပ်တည်ခဲ့သမျှ ပထမဆုံးအကြိမ် ရှောင်ပြေးခဲ့ရတဲ့ အားနည်းချက်ဟာ ချစ်ရတဲ့သူလို့ သတ်မှတ်ထားခဲ့တဲ့ အိုဆယ်ဟွန်းကြောင့်....

နူးညံ့နက်ရှိုင်းတဲ့ မြင်နေကျမျက်ဝန်းတွေ ရဲ့ ပထမဆုံးအကြိမ်ပြောင်းလဲခြင်း.....
ကိုကိုးရဲ့ အဲ့ဒီမျက်လုံးတွေကို မုန်းသည်....

စိုးရိမ်ဆူပူတတ်တဲ့ ကြားနေကျ အသံသြရှရှ က ဒေါသကြောင့်ခက်ထန်သွားခဲ့ခြင်းကိုမုန်းသည်။

"ဂျွန်"

"ဟင်"

"ငါ ပြန်လိုက်ပို့ပေးရမလား"

ခေါင်းမညိတ် ခေါင်းလဲမခါဘဲ ခပ်ကြာကြာစိုက်ကြည့်လိုက်မိတော့ Joleဆီကဖြေရှင်းချက်တွေ တရစပ်ထွက်လာသည်။

"မင်းကို ငါ့ဆီမှာ မနေစေချင်လို့ ပြောနေတာမဟုတ်ဘူးနော်....မင်းတို့ချင်းပြန်ပြီး အဆင်ပြေစေချင်လို့ပြောနေတာ..မပြန် ချင်သေးရင်လဲ သဘောပဲနော်...No problem"

ပြသနာဖြစ်ခဲ့ပြီးကတည်းက ညသန်းခေါင်လောက်ထိ လမ်းပေါ်မှာ လေလွင့်နေခဲ့ပြီး နောက်ဆုံးတော့ Joleအိမ်မှာပဲ လမ်းဆုံးသည်။ 'သူနဲ့အဆင်မပြေလို့' ဆိုတဲ့ စကားတစ်ခွန်းကလွဲရင် ဘာမှထပ်ပြီးပြောပြခဲ့သလို Joleကလဲ ဘာမှ ထပ်မမေးခဲ့....

"ငါပြန်သွားသင့်ရဲ့လားတောင်မသိဘူး"

"ဟာ... အများကြီးလျှောက်မတွေးစမ်းနဲ့ ဟေ့ကောင်.... ဒီလိုပဲ ပြန်ပြေလည်သွားကြမှာကို"

MesmerizeWhere stories live. Discover now