Part 14

581 85 17
                                    


"ကိုကိုး"

"......"

"ကိုကိုး ......"

အချိုပေါ်သကာဆင့်နေတဲ့ ခပ်အီအီ ခေါ်သံက မေးဆတ်ပြရုံနဲ့ မကျေနပ်ဟန်ရှိသည်။လက်မောင်းတစ်ဖက်ကိုအတင်းလာဆွဲရင်း မျက်နှာချင်းဆိုင်ဖို့ကြိုးစားသည်။

"ပြော... ကိုယ်ဘာလုပ်ပေးရမလဲ"

အရိပ်အကဲ ဟူသည် မျက်နှာကိုဖတ်နေစရာမလိုလောက်သည်အထိ ဒီခေါ်သံတစ်ခုမှာတင် ဘာတွေ လိုအပ်လို့ ဘယ်လောက်အထိ လိုက်လျောပေးရမှာတွေကိုပါ တွက်ချက်နိုင်သည်အထိ။

"ကျွန်တော့်ကိုကြည့်"

"ခဏလေး ကွာ.. ဒါလေးလက်စသတ်ရုံပဲ"

စာရွက်ထဲက ကိန်းဂဏန်းများကို လက်ချောင်းတွေထဲကူးပြောင်းကာ အပေါင်းအနှုတ်တွေလဲပါနေသေးသည်မို့ အာရုံကိုအတတ်နိုင်ဆုံးစူးစိုက်ထားခြင်းသာ...

"တော်ပြီ ခင်ဗျား laptop ကြီးနဲ့ပဲနေလိုက်တော့"

ဆောင့်တွန်းခံလိုက်ရတဲ့ လက်မောင်းတစ်ဖက်...ခပ်ဆောင့်ဆောင့်နင်းသွားတဲ့ ခြေသံတွေနောက် ကိုယ့်ဆီက သက်ပြင်းတစ်ချက်ပါသွားခဲ့ပေမယ့် စိတ်ပျက်ခြင်းမဟုတ်။ တစ်နေ့ နှစ်ခါလောက် စိတ်ကောက်ရမှ ကျေနပ်တဲ့  အနှီ ကလေးအား အသက်တစ်ချက်ရှုလိုက်တိုင်း အချစ်တစ်ခါတိုး၏။ အခုလိုမျိုးသာ သက်ပြင်းရှိုက်မိပါက တိုးလာသည့် အချစ်များက ထို့ထက်နှစ်ဆ...

အရင်ကလဲ စိတ်အလိုမကျတိုင်း ထရစ်တတ်တဲ့ အကျင့်ရှိပေမယ့် ဒီရက်တွေထဲတော့ ထူးထူးခြားခြား အလိုမကျရင် ကောက်ချိတ်သွား တတ်သည်။

"ဘာဖြစ်လို့လဲ ဂျွန်ရဲ့"

ထလိုက်မသွားဖြစ်ပေမယ့် သူ့အကြည့်တွေကပ်ပါသွားတဲ့ ကျောပြင်က ခပ်လှမ်းလှမ်းမှာ ဆောင့်ခနဲဝင်ထိုင်ရင်း သူ့အမေးစကားကို မကြားဟန်ပြု၏။

Sofaပေါ်တင်ထားတဲ့ ခေါင်းအုံးအသေးလေးကို အကြောင်းမဲ့ တစ်ချက်ထုပစ်လိုက်တဲ့ မျက်နှာက ပိုပြီး သုန်မှုန်လာတော့ သူမနေသာတော့...

"ပြော....ဘာပြောမှာလဲ..ကြည့်လဲကြည့်နေပေးမယ် နားလဲထောင်ပေးမယ်"

MesmerizeWhere stories live. Discover now