Part1

2.5K 208 49
                                    


"ကျွန်​မက​တော့ သ​ဘောကျပါတယ်​"

"ဗျာ"

"ဒီ​နေ့အတွက်​ အဓိကဆိုလိုရင်းက ဒါပဲ​လေ..
ပထမဆုံး​တွေ့ဖူးတာဆို​ပေမယ့်​ ရှင့်​ကိုသ​ဘောကျပါတယ်​..ရှင်​က​ရော"

လူချင်းစ​တွေ့ကတည်းက တစ်​ခါမှမဆန်းစစ်​ခဲ့မိသည့်​ ​မေးခွန်း...
ကိုယ်​ပိုင်​စီးပွား​ရေးအ​သေးစားတစ်​ခုနဲ့ လည်​ပတ်​​နေတဲ့ အမျိုးသမီးငယ်​..​ခေတ်​​ရေစီး​ကြောင်းနဲ့ အလိုက်​သင့်​စီး​မြောတတ်​ဟန်​​ကြောင့်​ ထက်​မြက်​သည့်​အသွင်​က ပိုမို​ပေါ်လွင်​၏..​ပြေပြစ်​သည့်​ အဆင်းရူပကာပါ ထပ်​​ပေါင်းလျှင်​ ငြင်းဆိုဖွယ်​ရာမရှိသည့်​ အိမ်​​ထောင်​ဖက်​ တစ်​​ယောက်​။
သို့​​သော်​ သ​ဘောကျ မကျ ဆိုတာက​တော့...အင်း အမှန်​အတိုင်း​ပြောရလျှင်​ သူသ​ဘောမကျ...စူးရဲ​နေသည့်​ အထက်​စီးဆန်​ဆန်​အကြည့်​မျိုး​တွေ မကြိုက်​ အထူးသဖြင့်​ ရဲတင်းသွက်​လက်​လွန်းသည့်​ သူမရဲ့ပုံစံကို သူမကြိုက်​။

တွေး​တွေးဆဆ နဲ့ ​ဖြေး​ဖြေးစားရင်း..
အရသာ ဘာမှန်းမသိလိုက်​​သော ည​နေစာ စားပွဲမှာ ပါးစပ်​ထဲ ဝတ်​​ကျေတမ်း​ကျေထည့်​ထားမိတဲ့ အစာတချို့​ကြောင့်
ဖန်​ခွက်​ထဲက လက်​ကျန်​​ရေအနည်းငယ်​ကို ​မော့​သောက်​ရင်း လည်​​ချောင်းရှင်းလိုက်​သည်​။

"ခင်​ဗျားက တစ်​စုံတစ်​​ယောက်​အတွက်​ လက်​တွဲ​ဖော်​​ကောင်းဖြစ်​ထိုက်​ပါတယ်​"

ပန်းဆီ​ရောင်​နှုတ်​ခမ်းတို့က ​ကျေနပ်​ခြင်း တချို့နဲ့ပြုံး၏.မ​ရေရာ​သော စကားလမ်း​ကြောင်းလွှဲမှုအတွက်​ အလိုမကျခြင်းကား တစ်​ဝက်​..

"အမှန်​​တော့ ဒီ​ည​နေ ​တွေ့ကြဖို့ ဆိုတာကို ​နေ့လည်​ကမှ ကျွန်​​တော်​သိရတာပါ..ရုတ်​ရက်​ကြီးဖြစ်​သွားတာမို့ ဘာမှပြင်ဆင်ချိန်မရလိုက်တဲ့​​​​ကျွန်​​တော့်​ဖက်​က တစ်​ခုခုအ​နှောက်​အယှက်​ဖြစ်​​စေခဲ့ရင်​ သည်းခံ​ပေးပါ"

လူငယ်​ချင်းရင်းနှီးကြဖို့ဆိုတဲ့ မာမီ့အ​ကြောင်းပြချက်​က ချည်​ပြီးတုပ်​ပြီးနိုင်​လှသည်​။လက်​သင့်​ခံဖို့ မခံဖို့ အခွင့်​အ​ရေး​တွေဘာမှ မရလိုက်​ဘဲ "သွား​တွေ့လိုက်​" ဆိုတဲ့ စကားတစ်​ခွန်းနဲ့ စား​သောက်​ဆိုင်​တစ်​ခုရဲ့ လိပ်​စာကိုသာရခဲ့သည်​။

MesmerizeWhere stories live. Discover now