Part 2

1.6K 200 38
                                    

ပွဲပျက်​ခဲ့ပြီမို့ ထုံးစံအတိုင်း

"ဘယ်​အချိန်​ထိ ဒီလို​နေဖို့ စဉ်းစားထားတာလဲ"
"နင့်​အသက်​မငယ်​​တော့ဘူး"
"ငါ့ကိုမျက်​နှာပျက်​​အောင်​လုပ်​ဖို့ပဲ​တွေး​နေသလား"

အစရှိသည်​ဖြင့်​ မာမီဆီက သြဝါဒတစ်​ချို့ကို ဖုန်းပူသည်​အထိ နား​ထောင်​ခဲ့ရ​သော်​လဲ..အရင်​အကြိမ်​​တွေတုန်းကလို ခွန်းတုန့်​ပြန်​ရင်း ပဋိပက္ခ ​တွေ မဖန်​တီးဖြစ်​​တော့...

မာမီစိတ်​​ပြေ​အောင်​အလိုက်​အထိုက်​ပြန်​​ပြော​ပေး​ရင်း ကိုက ပြုံး​နေမိတဲ့ကိုယ်​ဟာ မာမီကို ​ကျေးဇူး​တွေ အထပ်​ထပ်​တင်​​နေရင်းနဲ့​ပေါ့..
ဒီတစ်​​ခေါက်​ မာမီရဲ့ အတင်းအကျပ်​ အစီအမံ​တွေ​ကြောင့်​ ကံ​ကောင်း​ထောက်​မစွာနဲ့ အချစ်​က ဘယ်​ဘက်​ရင်​ဘတ်​နားအထိ​တောင်​ လာပြီးတိုးကပ်​သွားသည်​မဟုတ်​လား...

ဘယ်​​လောက်​ထိ နီးကပ်​ခဲ့သလဲဆိုရင်​ ဘယ်​ဘက်​​လက်​​မောင်းနဲ့ ပုခုံးနားတစ်​ဝိုက်​ သင်း​ဖျော့​ဖျော့ရနံ့​လေး ကပ်​ကျန်​​နေခဲ့တုန်းပဲ​လေ..

ထိုဇီဇဝါ ဆန်​ဆန်​ ချိုအီ​သော ရနံငယ်​က ရင်​ဘတ်​နားအိတ်​ကပ်​ဆီက ထုတ်​​ပေးခဲ့သည့်​ အဖြူ​ရောင်​ ကဒ်​ငယ်​ အထိပါ ကူးလူးစွဲကပ်​​နေခဲ့ပုံရသည်​။

ပန်းစာလုံးခပ်​​စောင်း​စောင်းနဲ့ ရိုက်​နှိပ်​ထားတဲ့
အနက်​​ရောင်​ခြယ်​​လေ​သော အမည်​နာမ...

❆  Kim Jun ❆

"ဂင်​ဂျွန်​"

ခပ်​တိုးတိုး​ရေရွတ်​မိတဲ့ နာမည်​ရဲ့​နောက်​မှာ
ဖုန်းနံပါတ်​တစ်​ခုသာလျှင်​ရှိသည်​။ ဘယ်​အရပ်​ဘယ်​ဌာ​နေဆိုသည်​ တစ်​ခုမှ မပါ..

အသက်​အရွယ်​နဲ့ သိက္ခာကိုငဲ့ကာ ဆက်​သွယ်​ခြင်းနဲ့ မဆက်​သွယ်​ခြင်းကြား ဦ​နှောက်​က ဗြာများ​နေ​သော်​ညား ဆင်​ခြင်​နိုင်​စွမ်းမဲ့သည့်​ နှလုံးသားက​တော့ အရူးတပိုင်း...

ဆယ်​​စုနှစ်​ သုံးခုစာမက ​ကိုယ့်​ဆီ​ရောက်​လာသမျှ ကို ​ခေါင်းခါငြင်းဆန်​ခဲ့သည့်​ ​ချေမိုးသည်​ဟုအများက သတ်​မှတ်​ကြ​သော ဂုဏ်​ပုဒ်​ ​ရေစုန်​​မြောရမည့်​​အ​ရေး..နည်းနည်းဝန်​​လေးတာ​ကြောင့်​ အာရုံထဲ ခဏခဏ​ပေါ်လာတဲ့ မျက်​ဝန်းလှလှ​တွေကို အတင်းလစ်​လျူရှုကာ အိပ်​စက်​ခြင်းဆီကိုသာ ဦးတည်​လိုက်​သည်​။

MesmerizeTempat cerita menjadi hidup. Temukan sekarang