နှင်းတချို့နဲ့ မြင်ကွင်းက မှုန်ဝါးဝါး... ဒီဇင်ဘာလွန်ခဲ့ပေမယ့် နှင်းမစဲသေးတဲ့ မနက်ခင်းတွေကတော့ အေးမြဲ အေးဆဲ..."အေးတယ်မဟုတ်လား"
လည်ပင်းက ခပ်လျော့လျော့ မာဖလာကို သေသေချာချာပြင်ဆင်ပေးရင်း မေးတဲ့ ဟန်နီ့ကို ခေါင်းညိတ်ပြဖြစ်သည်။ကိုယ့်ဖက်ကစပြီး ချိန်းပေမယ့် အခုထိ ဘာမှ ပြောလို့မထွက်သေးတဲ့ မတင်မကျအခြေအနေကို ကိုကိုယ်တိုင်က တောင်စိတ်မရှည်တော့ပေမယ့် ဟန်နီကတော့
သိချင်လှပါသည် ဆိုတာမျိုးတွေ အလောတကြီးမလုပ်လာခဲ့...."ခဏစောင့် မောင်...ဟန်နီ ကော်ဖီ ဝယ်ခဲ့ပေးမယ်"
"အင်း"
စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်နေတဲ့ ကိုယ့်ကို ဟန်နီက စူးစမ်းသလို တစ်ချက်ကြည့်သွားသည်။
ကော်ဖီ.......
Coatအင်္ကျီအိတ်ထဲ လက်နှိုက်လိုက်တော့အပူခံသည့် စတီးဗူးသေးသေးလေး...
သတိရလိုက်မိသည်က....အနှီ ကော်ဖီဘူးလေးကို လက်ထဲထည့်ပေးခဲ့စဉ်က အိုဆယ်ဟွန်းရဲ့ မျက်နှာ....
"အေးတယ် ဂျွန်...နွေးနွေးထွေးထွေးဝတ်သွား" ပေါ့ပေါ့ပါးပါး ကြိုက်တတ်တဲ့ အလျှောက် နီညိုရောင် Sweaterကို လက်ဖျားတွေ ခေါက်တင်ထားခဲ့သည်မို့ ပြန်ဖြေချ ပစ်ရင်း ပြောသည့်စကား...Long Coatထူထူတစ်ထည်ကိုပါထပ်ဝတ်ပေးလာခဲ့သေးသည်။
အိမ်ကနေထွက်ဖို့ အသိပေးခြင်းမှာ မညာတတ်တဲ့ ဝသီအရ ဟန်နီ့အကြောင်းတွေပါခဲ့တဲ့နောက် သူ့မျက်နှာသိပ်မကောင်း.....
ကိုယ့်လမ်းကို သူမတားပေမယ့် သူ့မျက်နှာကို ပဲစိတ်ထဲစွဲနေရင်း ကိုယ့်ခြေလှမ်းတွေလဲ မသွက်...
"ရော့...မောင် mochaပဲဝယ်ခဲ့လိုက်တယ်"
"အင်း ကျေးဇူး ဟန်နီ"
ကမ်းပေးလာတဲ့ တစ်ခါသုံးခွက်လေးကို လှမ်းယူဖို့...ဆုပ်ထားမိတဲ့ ကော်ဖီဗူးလေးကိုဖြေလျော့ရင်း လက်ကို အင်္ကျီအိပ်ကပ်ထဲကနေ ထုတ်လိုက်ရသည်။
ပြင်ပလေကြောင့် ရုတ်ရက်အေးခနဲ ဖြစ်သွားတဲ့ လက်ကိုပဲ အဓိပ္ပာယ် မဲ့ကြည့်နေရင်း ဦးတည်ရာပျောက်နေတဲ့ အတွေးတွေက မငြိမ်သက်...ဘယ်ကနေ အစ ဆွဲထုတ်လိုက်မိမှန်းမသိတဲ့ အတွေးတွေနဲ့ ပူလောင်နေခဲ့တာ ရက်သတ္တပတ်တွေ များစွာ...ယောက်ယက်ခတ်နေပေမယ့် အချိန်တိုင်းမှာ တူညီတဲ့မေးခွန်းတစ်ခုကိုပဲအထပ်ထပ်မေးနေခဲ့မိသည်။ ငါမှားနေခဲ့ပြီလား ဟူ၍....
YOU ARE READING
Mesmerize
Fanfictionအချစ်တည်းဟူသော ဖမ်းစားညှို့ငင်တတ်သည့်သဘာဝတစ်ခုအား ကျေနပ်ပျော်ဝင်မိသည့်အခါ..