Part 11

11.8K 576 16
                                    

Part 11

   ရိပေါ်မနက်စာစားရင် ကောင်လေးကိုကြည့်နေမိသည်။
ကောင်လေးက သူနဲ့ရှောင်ကျန့်ကို အကဲခက်နေသည်။

" သဲငယ် "

" ဗျာ!..သခင်လေး "

  လရှောင်ကျန့်သံပတ်ပေးခံရတဲ့အရုပ်တိုင်း သခင်လေးခေါ်တာနဲ့တန်းထူးလိုက်သည်။

" မောင်ကိုဘယ်လိုခေါ်နေတာလဲ သဲငယ်ရဲ့ "

ရိပေါ်မျက်ခုံးပင့်ကာပြောလိုက်သည်။

" မောင်?.."

ရိပေါ်​ပြုံးပြီးခေါင်းညိတ်လိုက်သည်။ အိမ်တော်ထိန်းကပါတအံတသြနဲ့ မျက်လုံးပြူးစွာကြည့်နေသည်။

" ပါးစပ်ဟလေ "

ရိပေါ် မုန့်ခွံကျွေးတဲ့သခင်လေးကို
ကြောင်ကြည့်နေသည်။

" ဘာငေးနေတာလဲ "

" ဟုတ်..ဟုတ်ကဲ့..သ..မောင် "

ရှောင်ကျန့် သခင်လေးအပြုအမှုတွေကြောင့်
ရင်ခုန်ပြီး
စိတ်လှုပ်ရှားနေမိသည်။

" ဒီနေ့ဝတ်စုံတွေရောက်မှာ ဝတ်ကြည့်ပြီးမကြိုက်ရင်ပြောလေ "

" မကြိုက်စရာအကြောင်းတော့မရှီပါဘူး ဝတ်စုံတွေကအစုံ၂၀လောက်ရောက်မှာ အားလုံးနာမည်ကြီးဒဇိုင်နာတွေချုပ်ထားတာ..တစ်စုံစုံတော့ကြိုက်မှာပါ "

အိမ်တော်ထိန်း​ကပြောလိုက်သည်။

" ကျွန်တော် ကိုကိုမင်္ဂလာဆောင်အတွက် ဒဇိုင်းဆွဲထားတာရှီတယ် အဲ့တာချုပ်ပေးလို့မရဘူးလားဟင် "

kitဝင်ရောက်တောင်းဆိုလိုက်သည်။
တောင်းဆိုပုံက တကယ့်ချစ်စရာလေး

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကောင်လေး
ငါတို့သခင်လေးက ဝမ်လုပ်ငန်းစုရဲ့ CEO
မင်းဒီတိုင်းဆွဲထားတဲ့ ဒဇိုင်းကို သခင်လေးရဲ့
သတို့သားက ဝတ်သင့်ရဲ့လား "

အိမ်တော်ထိန်းမင်ဝင်ပြောလိုက်သည်။

" မောင်က ဝမ်လုပ်ငန်းစုရဲ့CEO ဖြစ်သလို့
ကျိကျိတက်ချမ်းသာတဲ့ သခင်လေးဟုတ်ပေမဲ့
ကျွန်တော်ကတော့ ဘာမှမဟုတ်တဲ့ကောင်ပါ
ဒီအတိုင်း kitရဲ့အစ်ကိုအနေနဲ့ kitရဲ့ဒဇိုင်းကိုပဲ
ဝတ်ချင်တယ် "

DollWhere stories live. Discover now