Part 9

14.3K 717 38
                                    

Part 9

    ရှောင်ကျန့် သော့ဖွင့်ပြီး အိမ်ထဲဝင်လာလိုက်သည်။
အခန်းထဲရောက်တော့ အိပ်နေတဲ့ ညီကို တွေ့ရသည်။

" ဟင်..ညီကျောင်းမသွားဘူးလား "

ရှောင်ကျန့်အိပ်နေတဲ့ ညီရဲ့နဖူးကို စမ်းလိုက်သည်။

" ညီ ကိုယ်တွေပူနေတာပဲ "

ညီကိုပွေ့ပြီး အခန်းထဲက ထွက်ဖို့အလုပ်
ဆန်းလှန်ဝင်လာသည်။

" မင်းပြန်ရောက်ပြီလား
ငါ့ခဏလေးပဲ အစာထွက်ဝယ်မိတာ "

" ညီနေမကောင်းတာ ဘာကြောင့် ငါ့ကိုမပြောတာလဲ "

" အဲ့ဒါက.."

" ထားလိုက်တော့ ငါ့ကိုကားမြန်မြန်ငှားပေး "

" အော်..အေးအေး "

🏢

   ဆေးရုံရောက်တော့ အခန်းယူလိုက်ရသည်။
kit၂ပုလင်းမြှောက် သွေးသွင်းခံရတာကြောင့်
ဆန်းလှန်က တောင်းပန်သည်။

" တောင်းပန်ပါတယ် အဲ့လောက်ထိဖြစ်တယ်လို့
ငါမထင်လို့ ဖုန်းမဆက်မိတာပါ "

" အအေးမိတာကအစ ဖုန်းဆက်လို့
ငါပြောထားတာကိုး "

" စစနေမကောင်းဖြစ်တုန်းက ငါ့ဆက်ဖို့လုပ်ပေမဲ့
kitက အရမ်းတားနေလို့ပါ kitက မင်းကို
စိတ်မပူစေချင်ဘူး "

ရှောင်ကျန့် ညီလက်ကိုဆုပ်ကိုင်ကာနဖူးနဲ့ထိပြီး
မှေးနေမိသည်။ ပြန်နိုးလာပါစေလို့
အကြိမ်ကြိမ်ဆုတောင်းနေမိသည်။

🏢

" ကိုကို.."

" ကလေးလေး နိုးလာပြီလား "

Kitခေါင်းညိတ်ကာ ကျွန်တော့်ကိုကြည့်ရင်း
ပြန်မှေးဆက်သွားသည်။

" ညီ..ညီငယ် "

စကားလေးငါးခွန်းတောင် မပြောနိုင်ပဲ ပြန်မှေးဆက်သွားတဲ့ ညီကြောင့် ရှောင်ကျန့်ငိုမိသည်။

" ရှောင်ကျန့် တစ်ခုခုစားလိုက်ပါ့လား "

ရှောင်ကျန့်ခေါင်းရမ်းလိုက်သည်။

" ညီကိုခဏကြည့်ပေး.."

" မင်းဘယ်သွားမလို့လဲ "

DollWhere stories live. Discover now