Part 36🚨

2.5K 92 6
                                    

Part 36

  ရှောင်ကျန့် နိုးနိုးချင်း မောင်ကိုကြည့်လိုက်သည်။
မောင်ကအိပ်နေတဲ့အချိန်တော့ အရမ်းချစ်စရာကောင်းတယ်

" ဘာလို့စိုက်ကြည့်နေတာလဲ သဲငယ် "

  ရှောင်ကျန့် ထလိုက်တော့ မောင်ကသူ့လက်ကို
ဆွဲကာ ရင်ခွင်ထဲဆွဲသွင်းသည်။

" သဲငယ်ကိုအရမ်းချစ်တယ် "

" မောင်က ကျွန်တော်ကိုမချစ်ပါဘူး "

မောင်ကပြုံးကာ ကျွန်တော်နှုတ်ခမ်းကိုလာနမ်းသည်။
ပြီးတော့ အင်္ကျီကိုဆွဲဖယ်ကာ ရင်ဘက်ကိုစို့သည်။

" မောင်...မနက်စောစောကြီး "

" မနက်စောစော Sexလုပ်တာ ကျန်းမာရေးကောင်းတယ် "

" မောင်! "

  မောင် ကျွန်တော်အောက်ကိုမချဲပဲ တခါတည်း
တန်းထည့်သည်။

" အား...အာ့ "

  မနက်စောစော ရှောင်ကျန့် မောင်ပြုသမျှနုနေရသည်။
နှစ်ယောက်သားပြီးသွားတော့ နေ့ခင်းတောင်ရောက်ပြီဖြစ်သည်။
မောင်နဲ့အတူရေချိုးပြီး နေ့လယ်စာစားဖို့ အောက်ကို
အတူတူဆင်းလာကြသည်။

" kitကော "

" ခြံထဲမှာပါ သခင်လေး "

" ဘာလုပ်နေလဲ နေ့လယ်စာစားဖို့သွားခေါ် "

  ကျင်းရီနဲ့ကျင်းလင် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ

" ဟုတ်ကဲ့ "

  မောင်အပြင်ထွက်ဖို့လုပ်လို့

" မောင် ဘယ်သွားမလို့လဲ "

  မောင်ကပြန်မပြောပဲ ခြံထဲဆင်းသွားတာကြောင့်
ရှောင်ကျန့်ပါလိုက်ရသည်။

" ဒါဘာလုပ်တာလဲ "

  Kitပန်းချီဆွဲတာ မောင်မြင်သွားတာဖြစ်သည်။

" ဒီပန်းချီပစ္စည်းတွေ Kit ဘယ်လိုလုပ် တွေ့သွားတာလဲ "

  ရှောင်ကျန့်မေးတော့ ကျင်းလင်မျက်နှာပျက်သွားကာ

" ကျွန်တော် အခန်းထဲကယူပေးလိုက်တာပါ "

" ဘာ! "

  မောင်က Kit ပန်းချီကားချပ်ကို ​
မြက်ခင်းပြင်ပေါ်ချကာ
ခြေထောက်နဲ့ တက်နင်းသည်။

" မောင်! "

" ကိုကို! "

  ပြီးတော့မောင်က ကျင်းလင်ကို တရစပ်ထိုးသည်။
ရှောင်ကျန့် မောင်ကိုဆွဲလိုက်သည်။

" တော်ပါတော့ "

   ရုန်းရင်းဆန်ခက်ဖြစ်သော မြင်ကွင်းက
ဝိုးတိုးဝါးတာပဲ မြင်ရကာ kit အော်ချလိုက်သည်။

" kit! "

  အသံကုန်အော်ဟစ်ကာ Kit လဲကျသွားသည်။
မောင် kitကို ပွေ့ဖက်ကာ

" ဘာမှမဖြစ်ရဘူး ကိုကိုညီဘာမှမဖြစ်ရဘူး "

  မောင်စိတ်လွတ်ကာအော်ကာလဲကျသွားသည်။

" အိမ်တော်ထိန်း ဆရာဝန်မြန်မြန်! "

  ⛪
   ရှောင်ကျန့် Kitကို စောင်ကြည့်နေစဥ်
မောင်ပြေးဝင်လာသည်။

" ညီ..ညီ! "

" မောင်...မောင်နိုးလာပြီလား "

  မောင်က Kitကို အတင်းလှုပ်နှိုးနေသည်။

" မောင် တော်ပါတော့! "

  ရှောင်ကျန့် မောင်ပါးကို ချလိုက်သည်။

" သဲငယ် "

  မောင်ကျွန်တော်ကို ပါးစပ်ဟောင်းသားဖြင့်ကြည့်သလို
ကျွန်တော်လည်း မျက်ရည်ကျလာသည်။

" မောင်! "

မောင်နဲ့ကျွန်တော် တစ်ယောက်ကိုတစ်ယောက်ဖက်လိုက်မိသည်။

" ကိုကို! "

  Kit အသံကြောင့် ၂ယောက်သားဖက်ထားရာကနေခွာကာကြည့်လိုက်သည်။

" ငယ်လေး "

Kit က ကျွန်တော်ကို ဖက်ကာ

" ကျွန်တော်သေပြီ မှတ်နေတာ "

Kitအားလုံးကိုပြန်သတိရသွားပြီလား

" ကိုကိုရဲ့ညီလေး ပြန်လာပြီ "

" ဟားဟား...ဟားဟား '

  ရှောင်ကျန့်ပျော်ပြီး Kitကို ဖက်ထားစဥ်
မောင်က အရူးလိုရယ်ကာ ထပ်မံ မေ့လဲကျသွားသည်။

DollWhere stories live. Discover now