Part 31

4.1K 199 13
                                    

Part 31

Singဖုန်းပြောပြီး kitကိုကြည့်လိုက်သည်။

" ဘာဖြစ်လို့လဲ ဒေါက်တာ "

" ဆရာဝန်ကြီးပြောတယ် ဥက္ကဋ္ဌဝမ်က
လူအင်အားသုံးပြီး kitကိုလိုက်ရှာနေတယ်တဲ့ "

" ဗျာ!..အဲ့တာဆို ကျွန်တော်အိမ်ပြန်မှရမယ် "

" ဘာလို့အိမ်ပြန်မှာလဲ kitလွှတ်အောင်
သခင်လေးကျန့်တို့က ကြိုးစားပေးထားတာ "

" ကျွန်တော်က လွတ်လွတ်လပ်လပ်နေချင်လို့
သဘောတူလိုက်တာ အခု အစ်ကိုက
ပိုက်စပ်တိုက်ရှာနေတာဆိုတော့ ကျွန်တော်မှာ
လွတ်လပ်မှုမရှီတော့ဘူး မလွတ်လပ်မှတော့
ပြန်တာပဲကောင်းမယ် "

" မပြန်ပါနဲ့ အစ်ကိုရှောင်ကျန့်က သူအထိခိုက်ခံပြီးkitကို အပြင်ထုတ်ထားတာ "

" ဘာလို့လဲ!..သူကရောဘာလို့
အဲ့လောက်ထိလုပ်ပေးတာလဲ "

" သူက Kitရဲ့အစ်ကိုလေ "

" အစ်ကိုဆိုပေမဲ့လည်း ကိုကိုရဲ့မိန်းမပဲလေ
ဘာကြောင့် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကိုခွဲတာလဲ "

" အဲ့ဒါဆိုကိုယ်မေးမယ် kit ဥက္ကဋ္ဌနဲ့နေရတာပျော်လားစိတ်ချမ်းသာလား "

Kitခေါင်းရမ်းလိုက်သည်။

" ဒါပေမဲ့..ဒါက ကျွန်တော်အတိတ်မေ့နေလို့ဖြစ်မှာပါ "

" Kitက ဥက္ကဋ္ဌကိုကြောက်နေတာ
အဲ့ဒီအကြောက်တရားထဲကနေ အစ်ကိုကျန့်လေးကကယ်ပေးတာ "

" ကျွန်တော်!.."

Kitစဥ်းစားရလွန်းလို့ခေါင်းကိုက်လာသည်။

" ဘာဖြစ်လို့လဲ kit "

မျက်နှာပြောင်းလဲသွားသော Kitကို
Sing ရင်ထိတ်စွာမေးလိုက်သည်။

" ခေါင်းကိုက်တယ် "

" အခန်းထဲဝင်နားရအောင်နော်  "

Kitကိုအခန်းထဲတွဲနေတုန်း ဘဲသံကြားရသည်။

" ဘယ်သူပါလိမ့် "

" ဘယ်သူဖြစ်ဖြစ် အန္တရာယ်ရှီတယ် kit "

Sing kitကိုအခန်းထဲက ဗီရိုထဲမှာဖွတ်လိုက်ပြီး
တိုက်ခန်းတံခါးသွားဖွင့်လိုက်သည်။

DollWhere stories live. Discover now