Part 19

10K 550 20
                                    

Part 19

  ရှောင်ကျန့် အထုတ်ဆွဲပြီး အထွက် အိမ်တော်ထိန်းမင်နဲ့အိမ်စေတွေအားလုံးက အိမ်ရှေ့အထိလိုက်ပို့သည်။

" သခင်လေးကိုမစောင့်တော့ဘူးလား "

" မစောင့်တော့ဘူး အိမ်တော်ထိန်းမင်း "

ရှောင်ကျန့် တစ်ယောက်ချင်းစီဖက်ကာ နှုတ်ဆက်လိုက်သည်။ အားလုံးရဲ့မျက်ဝန်းမှာ မျက်ရည်စများနဲ့ဖြစ်သည်။ အိမ်စေအားလုံးကို ကျေးဇူးတင်သည်။
သူတို့တွေက ကျွန်တော်တို့ ညီအစ်ကို၂ယောက်ကို
သက်တောင့်သက်သာဖြစ်အောင် ကူညီထားသူတွေ
ဖြစ်သည်။

" သခင်လေးက ထမင်းပူရင်မစားဘူး စာမှူးကြီးအန်ထမင်းအေးမှ သခင်လေးကိုခေါ်ပါနော် "

" ဟုတ်ကဲ့ပါ.."

" အန်တီချန် သခင်လေးအိပ်ယာခင်းကို နေတိုင်းလဲပေးနော် သခင်လေးက အသန့်အရမ်းကြိုက်တာ "

အန်တီချန်မျက်ရည်ကျပြီး ခေါင်းညိတ်လိုက်သည်။

"  ကျင်းလင်.."

" သခင်လေး.."

" ငါစိတ်ကိုပြင်ဆင်ထားပါတယ် ငါ့ညီကိုဘယ်မှာထားတာလဲ  ပြောပြပါ "

" သခင်လေး..အဲ့တာက.."

ကျင်းလင်စကားမဆုံးသေးဘူး ကားဝင်လာသည်။

" သခင်လေးကားပဲ ကုမ္ပဏီကနေအစောကြီး
ပြန်လာတယ် "

ရှောင်ကျန့် ကားပေါ်က ဆင်းလာတဲ့
သခင်လေးကို ကြည့်လိုက်သည်။

" သ..သခင်လေး! "

သခင်လေးကားပေါ်ကဆင်းဆင်းချင်း
လက်ထဲကဗူးကိုဖွင့်ကာ သူရှေ့ဒူးထောက်ထိုင်ချလိုက်သည်။

"  ကိုယ့်ကိုလက်ထပ်နိုင်မလား "

" သခင်လေး "

" အခု မင်းက Kitကြောင့်လည်းမဟုတ်တော့သလိုပိုက်ဆံကြောင့်လည်းမဟုတ်ဘူး ဒီအတိုင်း
Wang Yiboဆိုတဲ့ ကိုယ့်ကိုချစ်နိုင်မလား
ကိုယ်လက်ထပ်ခွင့်တောင်းတာကို လက်ခံနိုင်မလား "

  အိမ်စေတွေအားလုံးရှေ့ ဒူးထောက်ကာ တောင်းဆိုနေတဲ့သခင်လေးကို ရှောင်ကျန့်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ မာနကြီးတဲ့ သခင်လေးက
ဒီလိုအပြုအမှုလုပ်တာ ကျွန်တော်ကိုသိပ်ချစ်လို့ပဲ
မှတ်လား

DollWhere stories live. Discover now