Part 34 🚨

4.5K 180 3
                                    

Part 34

kitနိုးနိုးချင်း အစ်ကိုရှောင်ကျန့်ကို တွေ့ရသည်။

" နိုးလာပြီလား "

Kit ပတ်ဝန်းကျင်ကိုပတ်ကြည့်ကာ ထထိုင်မိသည်။

" ကျွန်တော်အိမ်ပြန်ရောက်နေတာပဲ "

" အင်း "

" ကိုကိုစိတ်တိုနေလား "

   ကျွန်တော်ဘေးနားမှာကိုကို့ကို မတွေ့တာကြောင့်
မေးလိုက်သည်။

" မတိုပါဘူး တစ်ခုခုစားရအောင်
ငယ်လေးထနိုင်လား မထနိုင်ရင်
ကိုကိုယူလာကျွေးမယ် ဘာစားချင်လဲ
ကိုကိုဘာလုပ်ပေးရမလဲ "

" ကိုကိုရော ကျွန်တော်ကိုစိတ်တိုပြီး
လာတောင်မတွေ့တော့ဘူးလားဟင် "

"  မဟုတ်ပါဘူး ငယ်လေးရဲ့
သူအပြင်သွားတယ်
ပြန်လာသေးဘူး အဲ့တာမတွေးပဲ
တစ်ခုခုစားရအောင်နော် "

" ဟုတ်ကဲ့ ကျွန်တော်ရေချိုးပြီး
ဆင်းလာပါမယ် '

" ကိုကို ငယ်လေးကိုရေဘတ်တိုက်ပေးထားတယ်
ရေမချိုးသေးပါနဲ့အုံး
အဝတ်အစားဖြစ်ဖြစ်ပဲလဲပြီး
ဆင်းလာခဲ့နော် "

" ဟုတ်ကဲ့ အစ်ကို "

အစ်ကိုရှောင်ကျန့်ထွက်သွားတော့ kit ဒေါက်တာကို
ဖုန်းဆက်ဖို့ ဖုန်းရှာပေမဲ့ ဖုန်းကရှာမတွေ့ပေ။

kit အစာစားပေမဲ့ သိပ်စားမဝင်တာကြောင့်
ရပ်လိုက်သည်။

" မကြိုက်ဘူးလားငယ်လေး
ကိုကိုဘာလုပ်ပေးရမလဲ "

" ကျွန်တော်မစားချင်ဘူး ခြံထဲခဏဆင်းပြီးလမ်းလျှောက်မယ်နော် အစ်ကို "

" ပန်းချီဆွဲချင်လား ကိုကိုပြင်ဆင်ပေးမယ် "

" ကျွန်တော်မှပန်းချီမဆွဲတက်တာ "

" ဆွဲတက်ပါတယ် ကိုကိုပြင်ဆင်ပေးမယ် "

" သဲငယ်! "

အော်သံကြောင့် ရှောင်ကျန့်နဲ့kitလန့်ဖျက်သွားသည်။

" ကိုကို "

Kit ရိပေါ်ကိုမြင်တာနဲ့ ပြေးဖက်လိုက်သည်။

" ကျွန်တော်တောင်းပန်ပါတယ် "

DollWhere stories live. Discover now