Part 28

8.4K 502 17
                                    

Part 28

   ကိုကိုအခန်းထဲက ဆရာဝန်ထွက်လာတာကြောင့် kit ဆရာဝန်ကိုမေးပြီး ကိုကိုအခန်းထဲဝင်လာလိုက်သည်။

" ကိုကို "

" ဒီအခန်းထဲကိုဘာလာလုပ်တာလဲ "

ရိပေါ် သဲငယ်လက်ကို ကိုင်ထားရင်း မေးလိုက်သည်။

"  ကိုကိုရဲ့မိန်းမနေမကောင်းဘူးကြားလို့ "

" အဲ့ဒါ ညီစိတ်ပူရမဲ့ကိစ္စမဟုတ်ဘူး
ကိုကိုတာဝန် "

" ဘာဖြစ်လို့ စိတ်မပူရမှာလဲ
အစ်ကိုရှောင်ကျန့်လဲကျွန်တော့်ကိုကိုပဲလေ "

" ဘာ..ဘာပြောလိုက်တယ် "

ရိပေါ် Kitလက်မောင်းကိုလှုပ်ရမ်းပြီး အော်လိုက်သည်။

" ဘာလို့စိတ်တိုနေတာလဲဟင်..ကိုကို့ကိုကြည့်ရတာအရမ်းကြောက်ဖို့ကောင်းတယ် "

" ညီကို  ကိုကိုမေးမယ်..ကိုကို့ကိုချစ်လား "

" ဟုတ်ကဲ့ "

"  ဟုတ်ကဲ့လို့ဖြေတာမကြားချင်ဘူး
ချစ်လား..မချစ်ဘူးလား မေးနေတာ "

" ချစ်..ချစ်ပါတယ် "

kit တုန်တုန်ယင်ယင်နဲ့ဖြေလိုက်သည်။

" ကိုကို့ကိုမကြောက်နဲ့Kit ချစ်ပဲချစ်ရမှာ "

" ဟုတ် ချစ်ပါတယ် "

ကိုကိုဘာဖြစ်နေပါလိမ့် ကိုကိုနေမကောင်းဘူးလား kit ကိုကိုနေကောင်းအောင် ဘယ်လိုလုပ်ပေးရင်ကောင်းမလဲ

" ရှောင်ကျန့်ထက်ပိုချစ်ရမယ် "

" ဒါပေါ့ ကိုကိုရဲ့ အစ်ကိုရှောင်ကျန့်ထက်
ကိုကို့ကိုပိုချစ်တယ် "

ရိပေါ် ပျော်သွားပြီး သဲငယ်ကိုနှိုးလိုက်သည်။

" သဲငယ်ကြားလား..ညီက မောင်ကိုပိုချစ်တယ်တဲ့
မောင်က တကောင်ကြွက်မဟုတ်ဘူး
မောင်ကိုချစ်တဲ့မိသားစုရှီတယ်..သဲငယ်
မင်း..ထနားထောင်စမ်း "

ကိုကို့က အစ်ကိုရှောင်ကျန့်ခန္ဓာကိုယ့်ကို လှုပ်နှိုးကာအတင်းနှိုးနေသည်။

" ကိုကို အဲ့လိုမလုပ်နဲ့လေ "

kit ကိုကိုလက်ကိုကိုင်ကာပြောလိုက်သည်။

DollWhere stories live. Discover now