Part 18

9.7K 523 24
                                    

Part 18

   သခင်လေးအော်သံကြောင့် ရှောင်ကျန့်နဲ့ကျင်းလင်ပြေးလာသည်။

" ငယ်လေး..ငယ်လေး "

ရှောင်ကျန့် ငယ်လေးကို သခင်လေးကျောပေါ်ကချကာလှုပ်နှိုးနေမိသည်။

" ကိုကို!..ကိုကိုလေ ကိုကို့ကိုထကြည့်ပါဦး
ကလေးလေးရယ် ကိုကို့ကိုမထားခဲ့ပါနဲ့ "

ငိုနေသောရှောင်ကျန့်ကိုကြည့်ပြီး
ရိပေါ်မျက်ရည်ကျစွာကျင်းလေးကိုအော်လိုက်သည်။

" ဆရာဝန်..ဆရာဝန်သွားခေါ် "

ရှောင်ကျန့် ညီငယ်ကိုပွေ့ဖက်ထားကာ အရူးတပိုင်းအော်ဟစ်ငိုနေမိသည်။

" ငယ်လေးအိပ်ပျော်နေတာလား
ကိုကိုသီချင်းဆိုသိပ်မယ်နော် "

ရှောင်ကျန့်သီချင်းဆိုနေတုန်း ဆရာဝန်တွေရောက်လာပေမဲ့ ရှောင်ကျန့် ဘာကိုမှမမြင်နိုင်အောင်လဲကျသွားသည်။

" ငယ်လေး.."

ငယ်လေး သူ့ကိုပြုံးပြကာ သူဆီကိုပြေးလာနေသည်။
ရှောင်ကျန့်ငယ်လေးကို ဖက်တွယ်ထားသည်။
ဒါ အိမ်မက်ဆို ကျွန်တော်ဘယ်တော့မှ နိုးမထချင်တော့ဘူး..

☃️🌦️

သုံးလကြာသော်အခါ...

kitအဖြစ်အပျက်ကိုမြင်ပြီး ရှောင်ကျန့် အရမ်းစိတ်ထိခိုက်သွားပုံရသည်။ တစ်လတိတိမေ့မြောနေခဲ့တယ်။
ပြန်နိုးလာတော့လည်း ဘယ်သူမှစကားကောင်းကောင်း
မပြောပဲ ကျောက်ရုပ်အတိုင်းနေခဲ့သည်။
ရှောင်ကျန့်အခြေအနေပြန်တည်ငြိမ်အောင်
သုံးလတိတိအချိန်ပေးခဲ့ရသည်။

" သခင်လေး.."

ရှောင်ကျန့်မနက်စာစားနေတုန်း သခင်လေးကို
ခေါ်လိုက်သည်။

" ပြောလေ.."

" Kitဒီအိမ်မှာမရှီတော့တာ သုံးလရှီပေမဲ့ ကျွန်တော့်က
ဆက်နေနေတုန်းပဲ..."

ရိပေါ် ရှောင်ကျန့်ဆက်ပြောလာမဲ့စကားကို စူးစိုက်စွာနားထောင်နေမိသည်။

" ကျွန်တော်တို့ကွာရှင်းရအောင်.."

ရိပေါ် ဖျော်ရည်တစ်ငုံသောက်ပြီး ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ... "

ရိပေါ်ထရပ်ကာ ထမင်းစားဝိုင်းက ထွက်သွားသည်။
ရှောင်ကျန့်မျက်ရည်ကျလာမိသည်။
သခင်လေး ဒီလိုလွယ်လွယ်လက်ခံလိမ့်မယ်လို့ လုံးဝမထင်ခဲ့ပေ။

"  ကျင်းလင် ငါ့ကိုအဝတ်အစားထုတ်ပိုးပေးအုန်း "

" ဟုတ်ကဲ့ သခင်လေး "

ကျင်းလင်စိတ်မကောင်းဖြစ်စွာ ပြင်ဆင်နေမိသည်။
အိမ်တော်ထိန်းမင်ကလည်း သက်ပြင်းချနေမိသည်။

🏢

"  သခင်လေး..ရှောင်ကျန့်နေကောင်းကတည်းက
ပြင်ခိုင်းတဲ့ လက်စွပ် ကျွန်တော်အဆင့်သင့်ဖြစ်ပြီ
ဘာကြောင့် ကျွန်တော့်ဆီက မတောင်းတာလဲ "

အတွင်းရေးမှူးရှင်း ဥက္ကဋ္ဌဝမ်ကို မေးလိုက်သည်။

" kitရဲ့ဘဝမှန်ကိုရှောင်ကျန့်မသိခဲ့တာလား
သိသိချည်းနဲ့ kitရဲ့နောက်ဆုံးချိန်တွေရောက်နေတာတောင် ဘာကြောင့် Kitရဲ့အဖေကိုရှာမပေးခဲ့ရတာလဲ "

" သခင်လေး..."

ရိပေါ်မျက်ရည်ကျလာသည်။

" ငါမျှော်လင့်ခဲ့တာ...င့ါ  "

ရိပေါ်စကားဆက်မပြောနိုင်တော့ပဲ မျက်ရည်တွေ အဆီးအတားမရှီကျလာမိသည်။

☃️





DollWhere stories live. Discover now