Part 20

9.7K 507 26
                                    

Part 20

   ရှောင်ကျန့် ညီနေရာကိုမေးရင် မောင်လုံးဝမ​ဖြေပဲစကားလမ်းကြောင်းလွှဲသွားတာကြည့်ပဲ ရှောင်ကျန့်သိတဲ့နေရာတွေမှာ မြေပုံလိုက်ရှာပေမဲ့မတွေ့ရပေ
ရှောင်ကျန့် ရောက်ခဲ့တဲ့ သုသာန်၃နေရာလုံး
ညီကိုမတွေ့ရပေ။

" သခင်လေးကျန့်ဘယ်ကပြန်လာတာလဲ
သခင်လေးရောက်နေပြီ "

" မောင်အိမ်ကိုအစောကြီး ပြန်ရောက်နေပြီလား "

" သခင်လေးနေမကောင်းဘူး "

ရှောင်ကျန့်စိုးရိမ်ပြီး အိမ်ပေါ်ပြေးတက်လိုက်သည်။
အိပ်ခန်းထဲရောက်တော့ အိပ်ပျော်နေတဲ့
မောင်ကိုတွေ့ ရသည်။

" မောင်.."

မောင်ကကျွန်တော်ခေါ်သံကြောင့် မျက်စိပွင့်လာသည်။

" မောင်မျက်နှာက အရမ်းဖြူဖတ်နေတာပဲ
ဒီလိုမျက်နှာမျိုး ကျွန်တော်.."

မောင်မျက်နှာက ငယ်လေးလို့ဖြစ်နေသည်။

" မောင်ဘာမှမဖြစ်ပါဘူး  "

" ဆေးရုံသွားရအောင်မောင် ဆေးစစ်ကြည့်ရအောင်
ဆေးစစ်နောက်ကျပြီး ငယ်လေးလိုမျိုး.."

ရှောင်ကျန့်ပြောရင်း အသံတွေတိမ်ဝင်သွားသည်။

" မောင်ဘာမှမဖြစ်ပါဘူး  "

" ဆရာဝန်ခေါ်လိုက်မယ်နော် မောင် "

" မောင်ဆေးခန်းပြလာပါပြီ မောင်ကိုဖက်ထားပေး "

ရှောင်ကျန့် မောင်နားလှဲကာ
ဖက်ထားပေးလိုက်သည်။ မောင်သူကိုပြန်ဖက်ကာအိပ်ပျော်သွားသည်။

🕍

မောင် ၂ရက်လောက်ကုမ္ပဏီမသွားနိုင်ပဲ ဖျားနေသည်။
မောင်ကြည့်ရတာ သွေးအားနည်းတဲ့သူနဲ့တူသည်။

"  မောင် ဆေးသောက်ရအောင် "

ရိပေါ်ပြတင်းပေါက်ကနေ အပြင်ကိုကြည့်ရင်း
ဆေးသောက်လိုက်သည်။

"   ကိုယ့်မှာရောဂါရှီရင် မင်းဘာလုပ်မလဲ "

" လွယ်ပါစေ ဖယ်ပါစေ
မောင်မှာဘာရောဂါမှ မရှီရပါဘူး
ကျွန်တော့်ကို ထက်မနိုပ်စက်ပါနဲ့မောင်
ကျွန်တော် မခံစားနိုင်တော့ဘူး သေချင်သေ
ကျွန်တော်သာအရင်သေပါစေတော့
ငယ်လေး..ငယ်လေးလည်း.."

DollWhere stories live. Discover now