Part 23
" ငယ်လေး..ကိုကိုရဲ့ငယ်လေး "
သေပြီးထင်ခဲ့သောkitကိုရုတ်တရက်တွေ့ရတာ
နားမလည်နိုင်ပေ။" Kit...အဟင့်..ဟင့် "
ငယ်လေးလက်ကိုကိုင်ပြီး ရှောင်ကျန့်အားရပါးရ
ငိုကြွေးနေမိသည်။ရိပေါ် ငိုကြွေးနေတဲ့ရှောင်ကျန့်ကို ဖက်ဖို့ကြိုးစားပေမဲ့လက်တွေက ရပ်တန့်နေသည်။
" ကိုယ်တို့ပြန်ရအောင် "
ရှောင်ကျန့်ငိုကြွေးနေရင်းမှ ထရပ်ကာ
ရိပေါ်ကို တွန်းလွှတ်လိုက်သည်။" သခင်လေး "
Sing သခင်လေးကိုထူလိုက်သည်။
" ဒေါက်တာလေး အပြင်ခဏထွက်ပေးပါ "
Sing ခေါင်းညိတ်ကာ အပြင်ကိုထွက်သွားသည်။
" ကျွန်တော်က မောင်ရဲ့အရုပ်လား "
" သဲငယ် "
" ကျွန်တော်က မောင်ထားရာနေ စေရာလုပ်တဲ့
အရုပ်တစ်ရုပ်မဟုတ်ဘူး လူ..ခံစားချက်ရှီတဲ့လူ "" သဲငယ် ဝမ်းနည်းပြီးအော်ဟစ်ချင်တာ
ကိုယ်သိပေမဲ့ ဒီအခန်းက kitအနားယူနေတဲ့
အခန်းဆိုတာ မမေ့နဲ့လေ "" ငယ်လေးနားမှာပဲ ကျွန်တော်နေမယ် "
" နေလို့မဖြစ်ဘူး ကိုယ်နဲ့ပြန်လိုက်ရမယ် "
ရှောင်ကျန့် ငယ်လေးနားကခုံမှာပဲ ထိုင်လိုက်သည်။
ရိပေါ် သက်တော်စောင့်တွေခေါ်ပြီး ရှောင်ကျန့်ကို
ဆွဲထုတ်လိုက်သည်။" လွှတ်..ငါကိုလွှတ် "
သက်တော်စောင့်တွေ ရှောင်ကျန့်ကို ကားထဲအတင်းဆွဲသွင်းပြီး ရှောင်ကျန့်ဘေးနားမှာနေရာယူပြီး ချုပ်ထားလိုက်သည်။
ရိပေါ် ရှောင်ကျန့်ကားပေါ်ရောက်တာနဲ့
ကားမောင်းထွက်ခဲ့လိုက်သည်။⛪
အိမ်ရောက်တော့ ရှောင်ကျန့် ကုတင်ပေါ်ပစ်ချခံရသည်။
" မောင်ဘာလို့ ကျွန်တော်ကိုလိမ်တာလဲ
kitမသေသေးပဲ
သေတယ်လို့ ဘာလို့လိမ်တာလဲ "ရှောင်ကျန့် ပစ်ချခံရတဲ့ကိုယ်ကိုမက်ပြီးထိုင်ကာ အော်ဟစ်မေးလိုက်သည်။