Part 26

8.6K 476 28
                                    

Part 26

မနက်စာစားတဲ့အချိန်မှ ရှောင်ကျန့် Kitကိုမြင်ရသည်။

" ညီထည့်စားနော်..သဲငယ်လည်းထည့်စား "

မောင်က kitနဲ့ ကျွန်တော့်ပန်းကန်ထဲကို
ဟင်းတွေထည့်ပေးနေသည်။

" မောင် ဒီနေ့ ကျွန်တော်ကုမ္ပဏီမလိုက်လို့
မရဘူးလား "

Kitမျက်နှာမကောင်းတာကြောင့်
ရှောင်ကျန့် kitကိုအဖော်ပြုပေးချင်သည်။

" သဲငယ်မလိုက်ရင် မောင်နေလယ်စာ ငတ်လိမ့်မယ် "

" ဘာလို့လဲ "

" မောင်ကိုခွံကျွေးမဲ့သူမရှီဘူးလေ "

မောင်​ကအဲ့လိုပြောတော့ ရှောင်ကျန့်ဘာပြောရမှန်းမသိတော့ပေ။

" ကိုကို..ကျွန်တော်အရင်ကဘာလုပ်လဲ "

kitမေးလိုက်သည်။

အရင်ကဆို Kitကလေ kitကလေလို့သုံးနှုန်းတက်တဲ့
ကလေးလေးက အခုတော့ ကျွန်တော်တဲ့လား

" ငယ်လေးက ကျောင်းတက်တယ်လေ "

" သဲငယ်.. "

" အဲ့တာဆို ကျွန်တော်ကျောင်းတက်မယ်လေ "

" မဖြစ်ဘူး ညီနေမကောင်းဘူး
ဘာကျောင်းမှမတက်ရဘူး "

" ကျွန်တော်ပျင်းလို့ပါ "

" အဲ့တာဆိုပန်းချီဆွဲပါ့လား "

" သဲငယ်! "

ရိပေါ်ရှောင်ကျန့်ကိုအော်လိုက်တော့ Kitလန့်သွားသည်။

" မောင်ဘာလို့ အော်တာလဲ..ငယ်လေးလန့်သွားပြီ "

" မောင်ပြောထားတယ်လေ မောင်မှမိသားစုဆိုလို့
kitပဲရှီတာ kitကိုပင်ပန်းအောင် ဘာမှခိုင်းဖို့ မစဥ်းစားနဲ့ "

" မိသားစု.. ကိုကိုက တကယ်ပဲ ကျွန်တော့်မိသားစုဟုတ်လို့လား "

Kitသိချင်တာကို မေးလိုက်သည်။

" ညီဘာစကားပြောတာလဲ ညီက ကိုကိုရဲ့ညီအရင်းပဲ "

ရိပေါ် Kitပုခုံးကို လှုပ်ရမ်းကာ ပြောလိုက်သည်။

" တောင်း..တောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့
ဖြည်းဖြည်းပြောပါ "

DollWhere stories live. Discover now