Part 4
ရှောင်ကျန့်အခန်းကိုရှင်းပြီးမှ ညီလေးကိုအခန်းထဲဝင်လှဲစေလိုက်သည်။
" ကိုကိုကဘာလို့ ဆေးရုံကိုမလာရတာလဲ "
" ကိုကိုကငယ်လေးအတွက် ပိုက်ဆံရှာနေလို့ပါ "
" ကျွန်တော့်သိပါတယ် ကျွန်တော်ဆေးရုံစရိတ်
အရမ်းများနေလို့ ကိုကိုနေရောညရောမအားပဲ
အလုပ်လုပ်နေရပြီမဟုတ်လား "" ကိုကိုကငယ်လေးအတွက်ဆို ပင်ပန်းတယ်မရှီပါဘူး ကိုကိုက အခုလေ သူဌေးအိမ်မှာ အလုပ်ရပြီ လစာလည်းအများကြီးရတယ် "
" ဘာအလုပ်လဲကိုကို "
" သူဌေးရဲ့ကားဒါရိုက်ဘာလည်းဖြစ် သူဌေးရဲ့
တောက်တိုမယ်ရလည်းဖြစ်လို့ ကိုကိုသူ့အိမ်မှာ သွားနေရမှာ "" အဲ့တာဆို ညီကဒီအိမ်မှာ တစ်ယောက်တည်းနေခဲ့ရမှာပေါ့ "
" ညီကလည်း ဘေးကတိုက်ခန်းမှာ ဆန်းလှန်တို့ ညီအစ်ကိုရှီတာပဲ "
" ကောင်းပါပြီ "
ငယ်လေးခေါင်းညိတ်ကာ မျက်စိမှိတ်သွားသည်။
ရှောင်ကျန့် ငယ်လေးကိုစောင်ခြုံပေးခဲ့ကာ
မီးဖိုချောင်မှာ ငယ်လေးအတွက် ဆန်ပြုတ်ပြုတ်လိုက်သည်။" အစ်ကို kitပြန်ရောက်ပြီဆို "
" Tew! မင်းလာတာနဲ့အတော်ပဲ
အစ်ကိုကတခြားမှာအလုပ်သွားလုပ်ရမှာမို့
အစ်ကိုမရှီရင် မင်းတို့ညီအစ်ကိုနှစ်ယောက်
ဒီမှာလာအိပ်စောင့်ပေးနော် "" ဟုတ်ကဲ့အစ်ကို Kitအတွက်စိတ်ချလိုက်ပါ
ကျွန်တော်တစ်ယောက်လုံးရှီတယ် "" စိတ်ကတော့လုံးဝမချဘူး အစ်ကိုမင်းသူငယ်ချင်းကို
လိုလေးသေးမရှီထားချင်လို့သာ အပြင်ကိုအလုပ်ထွက်လုပ်ရမှာ "" Kitအတွက်စိတ်ချပါအစ်ကိုရဲ့ ကျောင်းအတူသွားကျောင်းအတူပြန်ပြီး ထမင်းစားချိန်လည်း ဂရုတစိုက်
ကြွေးပြီး ကျွန်တော်စောင့်ရှောက်မှာပါ အစ်ကိုရဲ့ "" ကျေးဇူးတင်ပါတယ် "
ရှောင့်ကျန့်ဆန်ပြုတ်ပြုတ်ပြီး ညီအော်သံကြားလို့
သွားခေါ်လိုက်သည်။