Part 22

9.5K 520 30
                                    

Part 22

     sing kitလက်ကိုင်ကာ ကုတင်ပေါ်မှောက်ရပ်အိပ်နေတုန်း
ကိုင်ထားတဲ့kitလက်လေး လှုပ်လာသည်။

တီ..တီ

မြည်နေတဲ့ နှလုံးခုန်စက်ကြောင့် singမီးဖွင့်ကာ
ခလုတ်ကိုနိုပ်ကာ ဆရာဝန်ကြီးကိုခေါ်လိုက်သည်။

🌑

📲

ရိပေါ်ဖုန်းမြည်သံကြောင့် နိုးလာသည်။

" ဗျာ..ဟုတ်ကဲ့ ကျွန်တော်အခုပဲလာပါမယ် "

ရိပေါ်အိပ်ရာပေါ်က ဆင်းကာ အဝတ်အစားလဲလိုက်သည်။

" မောင်ဘာဖြစ်လို့လဲဟင် "

" သဲငယ် ဆက်အိပ်နေပါ မောင်အရေးကြီးကိစ္စရှီလို့ "

ရှောင်ကျန့် နာရီကြည့်လိုက်တော့ ည၁၂ခွဲနေပြီဖြစ်သည်။

" ဒီအချိန်ကြီး ဘာအရေးကြီး.."

မောင်မေးတာမဖြေပဲ ကားသော့ယူကာ အခန်းထဲကလောလောနဲ့ထွက်သွားသည်။ ရှောင်ကျန့်လိုက်ပေမဲ့မမှီပဲ ကားကထွက်သွားပြီဖြစ်သည်။

" ဒီအချိန်ကြီး ဘာအရေးကြီးကိစ္စရှီလို့ပါလိမ့် "

ရှောင်ကျန့် သက်ပြင်းချနေမိသည်။ သူကမောင်ရဲ့အရုပ်တစ်ရုပ်သာသာပါပဲလား
မောင်အဲ့လိုသဘောထားနေတာလား
မောင်ပြုသမျှခံနေရပေမဲ့
ခံစားချက်ကင်းမဲ့တဲ့သူတော့မဟုတ်ပါဘူး။

🏥

" တကယ့်လားဒေါက်တာ. "

" တကယ်ပါ သခင်လေး "

ဆရာကြီးစကားကြားပြီး ရိပေါ်မျှော်လင့်ချက်ရောင်ခြည်သန်းလာတာကြောင့် မျက်ရည်ကျလာမိသည်။

"  kit နိုးလာဖို့ မျှော်လင့်ချက် ၇၀%ရှီနေပါပြီ
သခင်လေး စိတ်ချပြီးပြန်နားပါတော့ "

Sing ဝင်ပြောလုက်သည်။

" ခဏလေးနေအုန်းမယ် "

ရိပေါ် ကလေးလက်ကိုကိုင်ကာ ဆုတောင်းနေမိသည်။
မြန်မြန်နိုးလာပါတော့ အစ်ကိုမင်းကိုစောင့်နေတယ်။

💒

" မောင် ဒီနေ့ သဲငယ်ကို Kitနေရာကို လိုက်ပို့ပါလား "

DollWhere stories live. Discover now