Part 29

13.5K 577 107
                                    

Part 29

📱

" Kitကဘာလို့ အဲ့လိုထင်ရတာလဲ "

" မသိဘူးဒေါက်တာ ကျွန်တော်ရဲ့ကိုကိုက
ထူးဆန်းနေတာပဲသိတယ် "

" ဥက္ကဋ္ဌကို ကုနေကျဆရာဝန်ကြီးရှီတယ်
သူက ဥက္ကဋ္ဌအကြောင်း အသေးစိတ်သိတယ်
ကိုယ်လွှတ်ပေးရမလား "

" ဟုတ်ကဲ့ ဒေါက်တာမြန်မြန်လေးနော် "

Kit ဒေါက်တာနဲ့ ဖုန်းပြောပြီး ဆရာဝန်ကြီးကို
စောင့်နေမိသည်။
ဆရာဝန်ရောက်လာတော့ kit ကိုကိုအခန်းတံခါးကို
ခေါက်လိုက်သည်။
အစ်ကိုရှောင်ကျန့်က တံခါးလာဖွင့်ပေးသည်။

" ငယ်လေး "

" ကိုကိုရှီလား "

ရှောင်ကျန့်ခေါင်းညိတ်လိုက်သည်။

" ရှီတယ် ငယ်လေး အိပ်နေတယ်"

ငယ်လေးကပြုံးပြီး  ဆရာဝန်ကိုခေါ်ပြီးအထဲဝင်လာသည်။

" ဆရာကိုကိုအခြေအနေဘယ်လိုနေလဲဟင် "

ငယ်လေး ဘာလုပ်နေပါလိမ့် ရှောင်ကျန့်နားမလည်ပေ။

" Mr. ရှောင်ကျန့် ကျွန်တော်လူနာအကြောင်း
ပြောချင်တယ် "

" ကျွန်တော်ကိုပဲပြောပါ  "

ငယ်လေးက သူ့ကိုကိုထားသွားချင်တာကြောင့်
ပြောပြီးနောက်ပိုင်း
ကျွန်တော်ကို မကြည်ဖြစ်နေပါလား

" kitလေး ဆရာအတွက် ကော်ဖီကိုယ်တိုင်ဖျော်ပေးပါ့လား "

" ဟုတ်ကဲ့ "

ငယ်လေးနှုတ်ခမ်းဆူစွာ အပြင်ထွက်သွားသည်။

"  ကျွန်တော်ကို မှတ်မိတယ်မဟုတ်လား kit မေ့မမြောခင်တက်ခဲ့တဲ့ ဆေးရုံအုပ်  "

" ဟုတ်ကဲ့ဒေါက်တာ မတွေ့ရတာ ငါးလနီးပါး ရှီခဲ့တာပဲ "

" အဲ့ကတည်းက သခင်လေးစိတ်အခြေအနေမကောင်းခဲ့တာပါ "

" ဗျာ! "

"kitမေ့မြောသွားပြီး ပြန်မနိုးလာတဲ့နေ့ကပဲ
kitကို သူ့ညီမှန်းသိခဲ့တယ်  သိသိချင်း kitဆီပြေးလာတယ် kitကိုကျောပိုးခဲ့တယ် အဲ့ဒီနေ့မှပဲ
သူ kitကို ဆုံးရှုံးခဲ့ရသလို မင်းကလည်း
မေ့မြောခဲ့တယ်လေ..အဲ့ဒီနေ့က သူမိဘအကြောင်း
သိခဲ့တဲ့နေ့လည်းဖြစ်တယ် သူစိတ်တွေဆောက်တည်ရာမရတဲ့နေ့ပဲ "

" အဲ့ဒါဆို မောင်က စိတ်ကျန်းမာရေးချို့တဲ့နေတာပေါ့
မဖြစ်နိုင်တာ ကုမ္ပဏီလည်းပုံမှန်သွားတယ်
အလုပ်လုပ်တာလည်း ပုံမှန်အတိုင်းပဲ "

" စိတ်ရောဂါဖြစ်နေတာမဟုတ်ဘူး တခါတလေ စိတ်လွတ်လွတ်သွားတာပါ ဒီထက်အခြေအနေမဆိုးအောင် ဆေးပုံမှန်တိုက်ပြီး မိသားစုက နွေးထွေးမှုပေးပါ "

" မောင်ကအတ္တကြီးလွန်းတယ် ဒေါက်တာ
ကျွန်တော့်သူနားမှာ kitကို လုံးဝမထားချင်ဘူး "

" Kitနဲ့Mr.Xiao Zhanမရှီရင် သူလုံးလုံး
ရူးသွားလိမ့်မယ် "

" အဲ့တာနဲ့ ကျွန်တော့်က ကျွန်တော့်ညီကို နှိပ်စက်ခွင့်ပေးရမလား "

ဒေါက်တာပြောတဲ့ အတိုင်းဆို မောင်ပုံစံက
သူထင်ထားတာထက်ကို ပိုဆိုးနေပါလား

"  ဒေါက်တာ ကော်ဖီရပြီ ကျွန်တော့်ကို
ကိုကိုအကြောင်းပြောပြတော့ "

" မောင်က ကျန်းမာရေးမကောင်းဘူး
စိတ်အခြေအနေလည်း ချို့ယွင်းနေတယ်
အဲ့တာကြောင့် အခုလေးတင် ဒေါက်တာက အကြံပေးနေတယ် ညီတခြားနေရာမှာ ခဏသွားနေသင့်တယ် "

" Mr.Xiao Zhan! "

"  ကူညီပါ ဒေါက်တာ ကျွန်တော့်ညီကို ခေါ်သွားပေးပါ "

" Mr.Xiao Zhanမှားနေပြီ  "

" ၂ရက်..၂ရက်ပဲခေါ်ထားပေးပါ ကျွန်တော်ပြန်လာခေါ်ပါမယ် "

" မလိုက်ဘူးအစ်ကို..အစ်ကိုဘာလုပ်နေတာလဲ "

" ကိုကိုလုပ်နေတာငယ်လေးအတွက်ပဲ ခေါ်သွားပေးပါ ဒေါက်တာ "

သက်တော်စောင့်တွေ ဒေါက်တာကားနဲ့ပါသွားတဲ့ညီကို ဘယ်သူမှသတိမထားမိပေ။

💭🗯

DollWhere stories live. Discover now