Part 32🚨

5.4K 218 26
                                    

Part 32

" မောင်! "

ရှောင်ကျန့်နိုးနိုးချင်း သူ့ကိုပြုံးကြည့်နေတဲ့မောင်ကို အံသြစွာတွေ့ရသည်။

" နိုးပြီလား သဲငယ် "

ရှောင်ကျန့်ခေါင်းညိတ်တော့ မောင်ကသူကိုပွေ့ချီကာရေချိုးခန်းထဲခေါ်သွားသည်။ မောင်က
ကျွန်တော်ကို သွားတိုက် မျက်နှာသစ်ပေးသည်။
မောင်ဘာဖြစ်နေမှန်းမသိပေမဲ့ ဒီလိုလုပ်ပေးတာပျော်သည်။

" သခင်လေး များများစားပါ "

အိမ်တော်ထိန်းမင်က မောင်အစာစားလို့
ပြန်ပျော်နေသည်။
ကျွန်တော်လည်း မောင်အစာစားလို့ပျော်သည်။

" မောင်က သဲငယ်ကိုအရမ်းချစ်တာ သိတယ်မှတ်လား "

ရှောင်ကျန့်ခေါင်းညိတ်လိုက်သည်။

" kitကိုလည်းအရမ်းချစ်တယ် kitက
မောင်ရဲ့တစ်ဦးတည်းသောညီပဲ သဲငယ်အတွက်အဲ့လိုပဲဆိုတာ မောင်မေ့နေခဲ့တယ် မောင်တောင်းပန်ပါတယ် "

"  မောင်.."

" မောင်သဲငယ်နဲ့Kitကိုမခွဲတော့ဘူး အဲ့ဒါကြောင့် မောင်ဆီkitကို ပြန်ပေးပါ "

" ညီဘယ်နေရာမှာလဲ ကျွန်တော်တကယ်မသိတာပါ "

" ဘာလို့အဲ့လောက်ခေါင်းမာနေတာလဲသဲငယ်
မောင်ပြောနေတယ်လေ သဲငယ်နဲ့kitကို မခွဲတော့ဘူး
မောင်တို့သုံးယောက် ပျော်ပျော်ရွှင်ရွှင်နေရအောင် "

" ကျွန်တော်တကယ်မသိတာပါ "

" kitက ကျန်းမာရေးမကောင်းဘူး
မင်း ခေါင်းမာနေရင် kitတစ်ခုခုဖြစ်လိမ့်မယ် "

" ကျွန်တော်တကယ်မသိတာပါ "

ရှောင်ကျန့် ထအရပ် မောင်ကသူလက်ကိုကိုင်ကာ

" ကောင်းပါပြီ မောင်မမေးတော့ဘူး
မနက်စာပြီးအောင်စား "

မောင်ပြောင်းလဲသွားတာလား
မေးလို့မရရင်သူကိုစိတ်ဆိုးပြီး ရိုက်ရမှာမဟုတ်လား ယအဲ့လိုပဲ ရိုက်ခဲ့တာပဲလေ။

" သခင်လေးလဲ များများစားပါ "

အိမ်တော်ထိန်းမင်က မောင်ကိုဂရုစိုက်စွာ
ကျွေးနေသည်။

DollWhere stories live. Discover now