Part 13

11.1K 620 30
                                    

Part 13

သူရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ရှောင်ကျန့်ကိုနမ်းလိုက်သည်။

" သခင်လေး.."

ရှောင်ကျန့် ထထိုင်လိုက်တာကြောင့် ရိပေါ်မျက်နှာကိုတည်လိုက်သည်။

" မောင်ကိုဘယ်လိုခေါ်နေတာလဲ "

" သခင်လေး ကျွန်တော်အတင့်ရဲပြီး ကုတင်ပေါ်
အိပ်တာမဟုတ်ဘူး..ကျွန်တော်.. "

" မင်းက ငါ့သတို့သားပဲ အဲ့လောက်ထိ
ပြာယာခက်ပြီး တောင်းပန်စရာမလိုဘူး "

" ဟုတ်ကဲ "

ရိပေါ်ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်။
ရေချိုးခန်းထဲက ထွက်လာတော့ အိပ်ရာခင်းတွေ လဲနေသော ရှောင်ကျန့်ကိုတွေ့ရသည်။

" အဲ့တာမင်းအလုပ်မဟုတ်ဘူး "

" သခင်လေးကို ကျွန်တော်ပြုစုချင်လို့ပါ
သခင်လေးအိပ်မဲ့အိပ်ရာ သခင်လေးအဝတ်အစား
အကုန်လုံး ကျွန်တော်ပဲ လျှော်ချင်တယ် "

" မင်းအဲ့ဒါတွေအကုန်လုပ်နေရင် မင်းညီနဲ့
ဘယ်လို အချိန်ဖြုန်းမလဲ မင်းညီမှာ.. "

မင်းညီမှာ အချိန်သိပ်မရှီဘူးလို့ ပြောလိုက်ချင်ပေမဲ့ရိပေါ် ပြောမထွက်ခဲ့ပဲ ရိပေါ် ဒီကောင်စုတ်လေးကိုဘာကြောင့်သနားနေမိပါလိမ့် ဒီကောင်စုတ်လေး သူ့ညီမရှီတော့ရင် ဘယ်လိုဖြစ်မလဲ

" ရေသွားချိုး..."

"ဟုတ်ကဲ့ "

ရှောင်ကျန့်တံခါးဘတ်သွားနေတာကြောင့်အော်လိုက်သည်။

" မင်း..ဘယ်သွားမလို့လဲ "

" ဟို ရေသွားချိုးမလို့ပါ "

" အရင်အခန်းထဲ သွားချိုးစရာမလိုဘူး ငါ့အခန်းထဲချိုး "

သခင်လေးက သူရေချိုးခန်းထဲ တခြားလူချိုးတာမကြိုက်တာ အိမ်တော်ထိန်းမင်ပြောထားသည်။

" ရပါတယ် "

" အပိုမပြောချင်ဘူး "

" ဟုတ်..ဟုတ်ကဲ့ "

ရှောင်ကျန့် သပ်ရပ်ခမ်းနားတဲ့ သခင်လေးရေချိုးခန်းထဲမှာ ရေချိုးခွင့်ရသည်။

DollWhere stories live. Discover now