Part 17
Kit အမောဖောက်လာလို့ ဆရာဝန်တွေအရေးပေါ်
ကုသနေသည်။ ရှောင်ကျန့်အခန်းထဲဝင်ချင်ပေမဲ့
ဝင်ခွင့်မပေးကျပေ။" ဘာဖြစ်တာလဲ "
ရိပေါ် ရောက်လာတော့ ငိုနေတဲ့ရှောင်ကျန့်ကို တွေ့ရသည်။
" ငယ်လေး..ငယ်လေး "
ရှောင်ကျန့်ငိုနေရင်းရှိုက်လာသည်။
" သခင်လေးkit အမောဖောက်သွားတာလား ဘာဖြစ်တာလဲမသိဘူး နှလုံးခုန်မမှန်ဘူး "
ကျင်းလေးကပဲဝင်ပြောလိုက်သည်။
" ဘာမှမဖြစ်ဘူး..ဘာမှဖြစ်မှာမဟုတ်ဘူး "
ရိပေါ် ရှောင်ကျန့်ကိုဖက်ကာ နှစ်သိမ့်လိုက်သည်။
" အသက်ရှုတာ ပုံမှန်ဖြစ်သွားပါပြီ "
ဆရာဝန်ထွက်လာပြီးပြောသည်။ ရှောင်ကျန့်
အခန်းထဲပြေးဝင်ကာ ညီလက်ကိုဆုပ်ကိုင်ထားလိုက်သည်။🏥
ရိပေါ်ဆရာဝန်ကြီးနောက် လိုက်သွားလိုက်သည်။
" ဘာ..ဘာပြောတယ်ခင်ဗျားတို့အဲ့ကလေး
အသက်ဘယ်လောက်လဲသိရဲ့လား ၁၇နှစ်
၁၇နှစ်တောင် မပြည့်သေးဘူး "ရိပေါ် စားပွဲပေါ်ကိုအားကြီးနဲ့ရိုက်ကာပြောချလိုက်သည်။
ဆေးရုံအုပ်ကြီး အပါအဝင်တခြားဆရာဝန်တွေ
လန့်သွားသည်။" ကျွန်တော်တို့အစွမ်းကုန်ကြိုးစား.."
" ကြိုးစားတာမလိုချင်ဘူး ခင်ဗျားတို့ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် ရအောင်ကုပေး အဲ့ကလေးအသက်ရှင်ရမယ် အဲ့ကလေးသာတစ်ခုခုဖြစ်သွားရင် ဒီဆေးရုံပြာကျမယ် "
" ဥက္ကဋ္ဌဝမ်စိတ်လျှော့ပါ "
" ကျွန်တော်ကိုစိတ်လျှော့ဖို့မပြောနဲ့ ဒီကလေးက
ကျွန်တော့်သတို့သားရဲ့အသက်ပဲ ကျွန်တော့်
သူကိုဘယ်လိုပြန်ပြောရမလဲ "" ဥက္ကဋ္ဌဝမ်.."
" ခင်ဗျားတို့ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် ကျွမ်းကျင်တဲ့
ဆရာဝန်တွေ ဘယ်နိုင်ငံကပဲခေါ်ခေါ်ရအောင်ခေါ်ပြီးကုသပေး "