Part 35
" မောင် ကုမ္ပဏီမသွားဘူးလား "
မနက်စာစားပြီး ဧည့်ခန်းထဲမှာကော်ဖီသောက်နေသောမောင်ကိုမေးလိုက်သည်။
" ကျွန်တော်ကြောင့်လား "
Kit ကိုကိုနားဝင်ထိုင်ပြီး မေးလိုက်သည်။
" နိုးလာပြီလား "
" ဟုတ်! "
အိမ်တော်ထိန်းကို Kitအတွက်မနက်စာပြင်ဆင်ခိုင်းလိုက်သည်။
" ကျွန်တော်ထွက်မပြေးတော့ပါဘူး "
" ကိုကိုသိတယ် kitမနက်စာစားတာကြည့်ပြီးရင်သွားမယ် "
Kit ခေါင်းညိတ်ကာ မနက်စာစားနေသည်။
" ကိုကို.."
သူကိုအကြည့်မခွာသော ကိုကို့ကို ခေါ်လိုက်သည်။
" ဘာဖြစ်လို့လဲ "
" အစ်ကိုတို့နှစ်ယောက်လုံး ကုမ္ပဏီသွားတော့
ကျွန်တော်အိမ်မှာနေရတာပျင်းတယ် သင်တန်း
တက်ချင်တယ် "" ဘာသင်တန်းလဲ "
" ပန်းချီ! "
" အဲ့တာကလွဲပြီး ကျန်တာပြော "
" နေပါစေတော့ "
Kit ထထွက်သွားသည်။
" ပန်းချီသင်တန်းတက်တော့ ဘာဖြစ်လို့လဲမောင် "
" သူတက်ပြီးတာပဲလေ ပြီးတော့ သူအတိတ်ကိုပြန်မှတ်မိသွားမှာ မောင်မလိုချင်ဘူး "
" ဒါပေမဲ့ Kitက ငယ်ငယ်ကတည်းက
ပန်းချီဆွဲတာအရမ်းနှစ်သက်ခဲ့တာ ပန်းချီကလွဲပြီး တခြားဘာမှ
သင်ယူချင်စိတ်ရှီမှာမဟုတ်ဘူး "" အဲ့တာဆို ဒီအတိုင်းပဲနေ "
" မောင်! "
မောင်ကတော့ အမြဲအတ္တကြီးနေတာပါပဲ
ဒီအတ္တတွေက kitအပေါ်လောင်မြိုက်တဲ့နေ့
မောင်နဲ့ ကျွန်တော်အကွဲပဲ။⛪
ဒေါက်..ဒေါက်
kit စာအုပ်မှာ ခဲပန်းချီဆွဲကျင့်နေတုန်း
တံခါးခေါက်သံကြောင့် စာအုပ်ကို ခေါင်းအုံးအောက်
ထိုးသွင်းလိုက်သည်။" ငယ်လေး! "
" အစ်ကိုပြန်လာပြီလား "
ရှောင်ကျန့် ကုမ္ပဏီက ပြန်လာလာချင်း
kitအခန်းထဲဝင်ကာ ဖုန်းပေးလိုက်သည်။