Part 8
ရိပေါ်အခန်းတံခါးဖွင့်ပြီး ဝင်လိုက်တော့
မှောင်ပိတ်နေခြင်းမရှီပဲ မီးလင်းနေသည်။" သခင်လေး! "
" မင်းကို ငါအလုပ်ထုတ်လိုက်ပြီ "
" သ..သခင်လေး "
ရှောင်ကျန့် ဒူးထောက်ထိုင်ချလိုက်သည်။
" ကျွန်တော်ကို ဘာမကြိုက်လို့လဲ သခင်လေး "
" မင်းကိုယ်မင်း မသိဘူးလား "
" သိ သိပါတယ် သခင်လေး ကျွန်တော်မပျော့ညံ့တော့ပါဘူး ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့ "
ရှောင်ကျန့် ဒူးထောက်ရင်း ရှေ့တိုးလာကာ
သခင်လေးခြေသလုံးကို လာဖတ်လိုက်သည်။" တောင်းပန်ပါတယ်သခင်လေး
ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့
ကျွန်တော့်သခင်လေးကိုလည်း ပြန်မပြောတော့ပါဘူး "ငိုနေတဲ့ရှောင်ကျန့်ကို ရိပေါ်မမှိတ်မသုန် ကြည့်နေမိသည်။
" မင်းညီက မကြာခင်သေတော့မယ် "
" သခင်လေးဘာစကားပြောတာလဲ "
ဒူးထောက်တောင်းပန်နေတဲ့ ကောင်လေးမျက်နှာ
ချက်ခြင်းအသွင်ပြောင်းသွားသည်။" မင်းပဲငါ့ကိုပြန်မပြောတော့ဘူးဆို "
" ကျွန်တော့်ညီတော့မထိနဲ့ "
" သံယောဇဥ်ကို ပိုက်ဆံနဲ့ဝယ်လို့ ရလား "
ရိပေါ်ပြုံးပြီး ပြောလိုက်သည်။
" အဲ့ဒါကျွန်တော်သိတာ ပိုက်ဆံလိုတယ် "
ရှောင်ကျန့်ဆိုလိုက်သည်။
" ကောင်းပြီး မင်းပိုက်ဆံအများကြီးလိုရင် ငါ့ကို
လက်ထပ်လိုက် ငါ့မင်းကိုငွေပုံပေါ်မှာ ထိုင်ခိုင်းမယ် "" သခင်လေး.."
ရှောင်ကျန့်အံသြသွားကာ မျက်လုံးပြူးသွားသည်။
" ငွေပုံပေါ်မှာထိုင်ပြီး မင်းရဲ့ညီကိုကုကြည့်
မင်းညီအသက်ရှင်နိုင်မလားလို့
ညီအတွက်ဘဝအပျက်ခံတဲ့အစ်ကို့ကို ငါတစ်ခါမှ
မမြင်ဖူးဘူး..မင်းညီအတွက်ဘဝပျက်ခံတဲ့မင်း
ငွေပုံပေါ်မှာထိုင်ပြီး မင်းညီကို င့ါစောင့်ကြည့်မယ် "